Home သတင်းနှင့်မှတ်တမ်း လှုပ်ရှားမှုသတင်းများ ပြည်တွင်းလူမှုရေးသတင်းများ

ပြည်တွင်းလူမှုရေး သတင်းများ


Warning: getimagesize(/home/greatcit/public_html/2011/images/stories/myitmakha/myitmakhaphoto.jpg) [function.getimagesize]: failed to open stream: No such file or directory in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 74

Warning: Division by zero in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 84

Warning: Division by zero in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 85

Warning: imagecreatefromjpeg(/home/greatcit/public_html/2011/images/stories/myitmakha/myitmakhaphoto.jpg) [function.imagecreatefromjpeg]: failed to open stream: No such file or directory in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 116

Warning: imagecreatetruecolor() [function.imagecreatetruecolor]: Invalid image dimensions in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 126

Warning: imageantialias(): supplied argument is not a valid Image resource in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 128

Warning: imagecopyresampled(): supplied argument is not a valid Image resource in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 129

Warning: imagejpeg(): supplied argument is not a valid Image resource in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 130

ဆင်းရဲချို့တဲ့သူများအတွက် ကျီစုကျေးရွာတွင် အခမဲ့ဆေးခန်း ဖွင့်လှစ်

ဆင်းရဲချို့တဲ့သူများအတွက် ကျီစုကျေးရွာတွင် အခမဲ့ဆေးခန်း ဖွင့်လှစ်

ကျော်ဇင်မန်း (မြစ်မခ)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ကျီစုကျေးရွာအတွင်း အနောက်ကျောင်း သဇ္ဇနရာမ ကျောင်းတိုက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေး ကွန်ယက် အမည်ရှိ အခမဲ့ဆေးခန်းတစ်ခုကို  ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါဆေးခန်းအား နာမကျန်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ဆင်းရဲနွမ်းပါးသူများအတွက် အဓိကရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။ 

ဆေးခန်းဖွင့်လှစ်ထားသော ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ကျီစုကျေးရွာတွင် အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး သွားရေးလာရေးခက်ခဲခြင်း၊ အနီးတဝိုက်တွင် ဆေးရုံ ဆေးခန်းများမရှိခြင်း၊ လက်လုပ်လက်စား အခြေခံ လူတန်းစားများ များပြားခြင်းအစရှိသည့် လိုအပ်ချက်များကြောင့် ယခုကဲ့သို့ အခမဲ့ဆေးခန်း လာရောက်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေးကွန်ယက် တာဝန်ခံ ကိုမျိုးသန့်ကျော်က ပြောသည်။ 

“ဒီနေရာက အခြေခံလူတန်းစားတွေ များတယ်။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အတွက် နာမကျန်းဖြစ်ရင် ကားဝင်လို့မရဘူး။ အထမ်းနဲ့ ထုတ်ရတယ်။ အဲလိုမျိုးလေးတွေ ရှိတာပေါ့။ နွမ်းပါးသူတွေအတွက် တကယ်လိုအပ်နေလို့ ဖွင့်တာပါ” ဟု တာဝန်ခံ ကိုမျိုးသန့်ကျော်က ပြောသည်။

ဆေးခန်း စတင်ဖွင့်လှစ်ခဲ့သည့်နေ့မှာပင် လာရောက်ဆေးကုသသူ လူနာဦးရေ ၁၁၆ ဦးရှိပြီး လက်ရှိအချိန်တွင် ဆေးခန်းအား ဆရာဝန်အခက်အခဲကြောင့် တစ်ပတ်လျှင် ကြာသပတေး နှင့် တနင်္ဂနွေ ၂ ရက်သာ ဖွင့်လှစ်၍ ကုသနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကြာသပတေးနေ့တွင် အင်္ဂလိပ်ဆေးဆရာဝန်နှင့် ကုသပေးမည်ဖြစ်ပြီး၊ တနင်္ဂနွေနေ့တွင် လေဖြတ်သူများ၊ အညောင်းအညာမိနေသူများအတွက် တိုင်းရင်းဆေးဆရာဖြင့် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

“အခုက စဖွင့်ခါစဆိုတော့ ဆရာဝန်တွေက မစုံသေးဘူး။ အဲဒါကြောင့် တစ်ပတ် ၂ ရက်ပဲ ဖွင့်နိုင်သေးတာပါ။ နောက်ပိုင်း ဆရာဝန်တွေရောက်လာရင်တော့ တစ်ပတ်လုံး ဖွင့်ပေးသွားမှာပါ။ တိုင်းရင်းဆေးဆရာထားတာက တချို့ကျတော့ တိုင်းရင်းဆေးနဲ့ပဲ ကုချင်တဲ့သူတွေရှိတယ်လေ” ဟု အဖွဲ့ဝင်လူငယ်တစ်ဦးက ပြောသည်။ 

ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေးကွန်ယက်ကို လူဦးရေ ၄၀ ခန့်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လူငယ်များ အများဆုံးပါဝင်ကြောင်း သိရသည်။ ဆေးခန်းဖွင့်လှစ်နိုင်ရန် အဖွဲ့အတွင်းရှိ လူငယ်များနှင့် ပြင်ပအလှူရှင်များမှ လာရောက်လှူဒါန်းသော အလှူငွေများဖြင့် ယခုကဲ့သို့ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Myit Makha Media Group ၏ Face Book မှ သတင်းအား ပြန်လည်ဖော်ပြပါသည်။

Last Updated ( Saturday, 26 November 2011 19:23 )

 

Myanmar Child Aid ရန်ပုံငွေအဖွဲ့က မိဘမဲ့ကလေးများ စာသင်ကျောင်းကို ဦးစားပေးသွားမည်

Myanmar Child Aid ရန်ပုံငွေအဖွဲ့က မိဘမဲ့ကလေးများ စာသင်ကျောင်းကို ဦးစားပေးသွားမည်

   ဒီဇင်ဘာ ၁၇၊ ၂၀၁၀

        ၂၀၀၈ မေလ နာဂစ်မုန်တိုင်းသင့်ခဲ့ပြီး မိဘ ၂ ပါးစလုံး သေဆုံးခဲ့သူ ဧရာဝတီတိုင်း၊ လပ္ပတ္တာ၊ သင်ကန်းကုန်းမြို့နယ်တ၀ိုက်က မိဘမဲ့ကလေးသူငယ် ၆၁၃ ဦးကို မြန်မာချိုင်းအိဒ်ဖောင်ဒေးရှင်းက လစဉ် ပညာရေးထောက်ပံ့မှု ပြုလုပ်နေတာ ယခုဆိုရင် ကာလ ၂ နှစ် ကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။


        ယခု ၂၀၁၁ နှစ်သစ်က စတင်ပြီး ဧရာဝတီတိုင်းက ကျေးလက်တွေအရောက် မိဘမဲ့ကလေးသူငယ်တွေကို လိုက်လံထောက်ပံ့ကြေးပေးနေရာကနေပြီးတော့ ရန်ကုန်၊ မင်္ဂလာဒုံ၊ နွယ်ခွေ မှာ မိဘမဲ့ကလေးများ ဂေဟာနဲ့ စာသင်ကျောင်း အခြေချထူထောင်တဲ့ ပညာနဲ့ လူမှုဒါနအလုပ်တွေကို ဦးစားပေးလုပ်ကိုင်သွားတော့မယ်လို့ ဦးဆောင်သူ ငါးကျမ်းပြန်ကျောင်းတိုက် နဲ့ မေတ္တာနန္ဒကျောင်းတိုက် ဆရာတော် ဦးဓမ္မပီယက မိုးမခကို ပြောကြားလိုက်ပါတယ်

Last Updated ( Tuesday, 26 April 2011 05:20 )

Read more...

ကမ္ဘာ့ အေ့ဒ်စ် ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာနယ်ဇင်းသမားများလည်း ငွေလှူဒါန်း

ကမ္ဘာ့ အေ့ဒ်စ် ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  စာနယ်ဇင်းသမားများလည်း ငွေလှူဒါန်း

မိုးမခ အထောက်တော်၊ ရန်ကုန်

ဒီဇင်ဘာ ၅ ၊ ၂၀၁၀

အိတ်ခ်ျအိုင်ဗီ စောင့်ရှောက်ရေးဂေဟာတွင် တွေ့ရသော မဖြူဖြူသင်း နှင့် လုပ်ဖော်ကိုင်ဘက်များ

       လွန်ခဲ့တဲ့ သတင်းပတ်အတွင်းမှာ အနုပညာသည်များနဲ့ ကဗျာဆရာများက တောင်ဒဂုံမြို့နယ်ရှိ မဖြူဖြူသင်းတို့ရဲ့ အိတ်ခ်ျအိုင်ဗီ စောင့်ရှောက်ရေးဂေဟာကို သွားရောက်အားပေး လှူဒါန်းကြတဲ့နည်းတူ ရန်ကုန်မြို့မှ စာနယ်ဇင်းသမားများကလည်း ကမ္ဘာ့ အေ့ဒ်စ် ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ မွန်းလွဲပိုင်းက ငွေသွားရောက် လှူဒါန်းခဲ့ကြပါတယ်။

Last Updated ( Tuesday, 07 December 2010 18:33 )

Read more...

ကဗျာ၊ ဂီတ၊ ပန်းချီ လောကသားများ မဖြူဖြူသင်း၏ လူနာများထံ သွားရောက် အားပေး ဓာတ်ပုံသတင်း

ကဗျာ၊ ဂီတ၊ ပန်းချီ လောကသားများ မဖြူဖြူသင်း၏ လူနာများထံ သွားရောက် အားပေး ဓာတ်ပုံသတင်း

နိုဝင်ဘာ ၂၈၊ ၂၀၁၀

http://www.demowaiyan.co.cc/2010/11/hiv_29.html သွားရောက် အားပေးခဲ့ကြတဲ့ ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာများ ဂေဟာတွင် အမှတ်တရ ဓာတ်ပုံ ရိုက်နေပုံ

Read more...

တောင်ကြီး၊ ဘားအံတို့တွင် မေရီချက်(ပ်)မင်း နားမကြား ကျောင်းခွဲများ ဖွင့်မည်

တောင်ကြီး၊ ဘားအံတို့တွင် မေရီချက်(ပ်)မင်း နားမကြား ကျောင်းခွဲများ ဖွင့်မည်

Ecovision ဂျာနယ်

နိုဝင်ဘာ ၁၉၊ ၂ဝ၁ဝကိုယ်တိုင် ဖန်တီးထားတဲ့ ဓာတ်ပုံတွေ နောက်ခံ နဲ့ ရန်ကုန်မြို့ မေရီချက်(ပ်)မင်းကျောင်းမှ ကလေးငယ်များ။

(ဓာတ်ပုံ - ဆိုင်းမိုင်-မြန်မာတိုင်းမ်ဂျာနယ်)

မေရီချက်(ပ်)မင်း နား မကြားကျောင်းမှ ကလေးများ ကျောင်းတက်ရေး အဆင်ပြေစေရန်အတွက် တောင်ကြီးမြို့နှင့် ဘားအံ မြို့များတွင် ကျောင်းခွဲသစ်များ ဖွင့်ရန် ရည်ရွယ်လျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မာဂရက်ကျော်မြက ပြောသည်။

Read more...
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  Next 
  •  End 
  • »
Page 1 of 3