မိုးမခအထောက်တော် နယူးယောက်
ဖေဖော်ဝါရီ ၁၅၊ ၂၀၁၁
လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်၊ တနင်္ဂနွေနေ့ နယူးယောက်မြို့ ၀ုဒ်ဆိုက်ကျောင်းဝင်းမှာ ကျင်းပမယ့် ဂီရိလေဘေးရန်ပုံငွေ မြန်မာနဲ့ အာရှရိုးရာ အစားအသောက် ဈေးပွဲတော်မှာ ၀င်ရောက် ကုသိုလ်ပြု ဈေးခင်းပေးမယ့် ဆိုင်ပေါင်း ၃၀ ကျော် သွားပြီ ဖြစ်ပါတယ်။ နယူးယောက်မြို့သူ မြို့သားများ စုပေါင်း ပြုလုပ်ကြတာဖြစ်ပြီး ဒေသခံစေတနာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ ရခိုင်အမျိုးသားအသင်းကြီး နဲ့ ပြည်သူ့ဂုဏ်ရည်အသင်း နယူးယောက်ဌာနခွဲက လုပ်အားနဲ့ ဝေယျာဝစ္စ ၀ိုင်းဝန်း ကြတာ ဖြစ်ပါတယ်။
လို့ ပွဲစီစဉ်နေသူတဦးက မိုးမခကို ပွဲစီစဉ်မှု အခြေအနေကို ရှုင်းပြပါတယ်။
ပွဲတော်ဈေးခင်းထဲမှာ ဖျော်ဖြေပွဲတွေ ရှိမှာ ဖြစ်ပြီး၊ ဥပမာတခုအနေနဲ့ ရခိုင်စည်တော်အကနဲ့ ကပြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပွဲတော် ရှုခင်း မြင်ကွင်းကို နိုင်ငံတကာက စိတ်ဝင်စားသူတွေ ကြည့်ရှုနိုင်အောင်လို့ Burmese Classics အဖွဲ့က internet Live ရိုက်ကူးထုတ်လွှင့်ပေးမယ်လို့လည်း ကြားသိရပါတယ်။ ဖျော်ဖြေရေးကဏ္ဍမှာ ရခိုင်ရိုးရာ အဆို အကများ၊ တိုင်းရင်းသားများအကများ အပြင် ဘော့စတွန်မြို့ Boston Myanmar Group (BMG) မှ DJ ကိုဝင်းအေး နဲ့ နယူးယောက်မြို့မှ တေးသံရှင်များရဲ့မြန်မာသီချင်းများ၊ နယူးယောက်လူငယ်များရဲ့ ကိုယ်ပိုင်သီချင်းများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်သွားမှာဖြစ်ပါတယ်။
လက်ခံရရှိတဲ့ အလှူငွေတွေ အားလုံးကို နိုင်ငံတကာရခိုင်အမျိုးသားအသင်း (WAO) ကတဆင့် မြန်မာပြည်တွင်းရှိ လူမှုရေးလုပ်ငန်းအသင်းအဖွဲ့များကို ပေးလှူပြီးတော့ ဂီရိမုန်တိုင်းသင့် ရခိုင်ပြည်နယ်တွင်းရှိ ပြန်လည်ထူထောင်ရေး ကူညီရေး လုပ်ငန်းများအတွက် ဦးစားပေး သုံးစွဲမျာ ဖြစ်တယ်လို့ သိရပါတယ်။ သည်နေရာမှာ ဖိတ်စာအသေးစိတ်ကို ကြည့်နိုင်ပါတယ်။



