Home သတင်းနှင့်မှတ်တမ်း လှုပ်ရှားမှုသတင်းများ ပြည်ပလူမှုရေး သတင်းများ

ပြည်ပလူမှုရေး သတင်းများ

နယူးယောက်မြန်မာမိသားစုများ၏ ဂီရိလေဘေးရန်ပုံငွေပွဲ အလှူရှင် ဆိုင် ၃၀ ကျော်ပြီ

နယူးယောက်မြန်မာမိသားစုများ၏ ဂီရိလေဘေးရန်ပုံငွေပွဲ အလှူရှင် ဆိုင် ၃၀ ကျော်ပြီ

မိုးမခအထောက်တော် နယူးယောက်

ဖေဖော်ဝါရီ ၁၅၊ ၂၀၁၁

လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်၊ တနင်္ဂနွေနေ့ နယူးယောက်မြို့ ၀ုဒ်ဆိုက်ကျောင်းဝင်းမှာ ကျင်းပမယ့် ဂီရိလေဘေးရန်ပုံငွေ မြန်မာနဲ့ အာရှရိုးရာ အစားအသောက် ဈေးပွဲတော်မှာ ၀င်ရောက် ကုသိုလ်ပြု ဈေးခင်းပေးမယ့် ဆိုင်ပေါင်း ၃၀ ကျော် သွားပြီ ဖြစ်ပါတယ်။ နယူးယောက်မြို့သူ မြို့သားများ စုပေါင်း ပြုလုပ်ကြတာဖြစ်ပြီး ဒေသခံစေတနာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ ရခိုင်အမျိုးသားအသင်းကြီး နဲ့ ပြည်သူ့ဂုဏ်ရည်အသင်း နယူးယောက်ဌာနခွဲက လုပ်အားနဲ့ ဝေယျာဝစ္စ ၀ိုင်းဝန်း ကြတာ ဖြစ်ပါတယ်။

 

Read more...
 

နယူးယောက်မြို့သူမြို့သားများ၏ ဂီရိလေဘေး ကူညီရေး ရန်ပုံငွေဈေးရောင်းပွဲ က ဖိတ်ခေါ်ပြီ

နယူးယောက်မြို့သူမြို့သားများ၏ ဂီရိလေဘေး ကူညီရေး ရန်ပုံငွေဈေးရောင်းပွဲ က ဖိတ်ခေါ်ပြီ

ဒို့ တိုင်းရင်းသားတွေအရေးမို့  ကူညီကြစို့ လှူကြစို့

မိုးမခရွာဆော်ကြီး

ဖေဖော်ဝါရီ ၂၊ ၂၀၁၁

လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်၊ ဆန်းဒေး၊ နယူးယောက်မြို့တော်၊ ၀ုဒ်ဆိုက်စင်တာမှာ မနက် ၁၀ နာရီကနေ ၅ နာရီအထိ ရန်ပုံငွေဈေးရောင်းပွဲတော် ကျင်းပမှာ ဖြစ်လို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျား။

Last Updated ( Thursday, 03 February 2011 05:56 )

Read more...

HIV-AIDS ရောဂါရှင်များအတွက် အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်မြို့တွင် ရန်ပုံငွေ ဈေးရောင်းပွဲကျင်းပ

HIV-AIDS ရောဂါရှင်များအတွက် အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်မြို့တွင် ရန်ပုံငွေ ဈေးရောင်းပွဲကျင်းပ

 

မိုးမခအထောက်တော်  ပေါ့တ်လန် နဲ့ ထက်ရာဇာတို့ထံက ရရှိတင်ဆက်သည်

ဇန်န၀ါရီ ၂၃၊ ၂၀၁၁

           မြန်မာပြည်တွင်းမှ HIV-AIDS ဝေဒနာခံစားနေရသော ဝေဒနာရှင်များအတွက် ရန်ပုံငွေ ဈေးရောင်းပွဲတစ်ခုကို IRCO အားကစားခန်းမတွင် ဇန္နဝါရ်ီလ ၂၂ ရက် နံနက်(၁၀)နာရီမှ နေ့လည် (၄) နာရီအထိ အော်ရီဂွန်ပြည်နယ် ပေါ့တ်လ်န်မြို့ရောက် မြန်မာလူငယ်များက ဦးစီးကျင်းပခဲ့ကြပါတယ်။ မြန်မာအစားအစာ အမျိုး ငါးဆယ်ကျော်ရောင်းချခဲ့ပြီး မြန်မာရိုးရာအကများအပါအ၀င် သီဆိုဖျော်ဖြေမှုများနှင့် တင်ဆက်ခဲ့ကြပြီး မြန်မာပရိသတ်စုစုပေါင်း အယောက် ၅၀၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။

Read more...

အော်ရီဂွန်ပြည်၊ ပေါ့တ်လန်မြို့က မြန်မာမိသားစုများ မြန်မာပြည်က HIV/AIDS လူနာများကို အားပေးမည်

အော်ရီဂွန်ပြည်၊ ပေါ့တ်လန်မြို့က မြန်မာမိသားစုများ မြန်မာပြည်က HIV/AIDS လူနာများကို အားပေးမည်
မိုးမခရွာဆော်ကြီး
ဇန်န၀ါရီ ၈၊ ၂၀၁၁
မြန်မာပြည်တွင်းရှိ HIV/AIDS ဝေဒနာရှင်များကို အားပေးကူညီရန် မြန်မာစားသောက်ဖွယ်ရာများ တည်ခင်းရောင်းချခြင်းဖြင့် ရန်ပုံငွေရှာဖွေပြီး လှူဒါန်းမည့် ကုသိုလ်ပြု ဈေးပွဲတော်တရပ်ကို အော်ရီဂွန်ပြည်နယ်၊ ပေါ့တ်လန်မြို့က မြန်မာမိသားစုများ စုဝေးပြီး ကျင်းပကြမည် ဖြစ်သည်။

          ဇန်န၀ါရီလ ၂၂ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီက ၄ နာရီ အထိ 10301 NE Glisn Rd., Portland. Oregon 97220 ရှိ အားကစားခန်းမဆောင် (Gym Room, IRCO) တွင် ကျင်းပမည်ဖြစ်ပါ၍ ရပ်နီးရပ်ဝေးရှိ အမိမြန်မာပြည်ချစ်သူ မြန်မာမိသားစုများအားလုံးကို လှိုက်လှဲ နွေးထွေးစွာ ဖိတ်ခေါ်ထားသည်ကို တွေ့ရသည်။
          ထိုကုသိုလ်ပြု ဈေးပွဲတော်ကို အော်ရီဂွန်ပြည်ရောက် မြန်မာကွန်မြူနီတီနှင့်အတူ ထိုဒေသတွင် ဖွဲ့စည်းထားသော ပြည်သူ့ဂုဏ်ရည်အဖွဲ့ (ပေါ့လန်၊ ဆီယက်တဲမြို့နယ်များ) အဖွဲ့ကလည်း ၀ိုင်းဝန်း လုပ်အားပေး ဆောင်ရွက်ပေးကြမည် ဖြစ်သည်ဟု သိရှိရသည်။

Project Help Burma ရန်ပုံငွေ ဈေးရောင်းပွဲ ဆန်ဖရန်ဘေးဧရိယာတွင် ကျင်းပပြီးစီး

 Project Help Burma ရန်ပုံငွေ ဈေးရောင်းပွဲ ဆန်ဖရန်ဘေးဧရိယာတွင် ကျင်းပပြီးစီး

မိုးမခဓာတ်ပုံသတင်း

ဒီဇင်ဘာ ၁၃၊ ၂၀၁၀

ယမန်နေ့ နေ့ခင်းက ဘေးဧရိယာ၊ နယူးအခ်မြို့ ခမ်းမဆောင်တွင် မြန်မာကွန်မြူနီတီတို့ စုဝေးသော ဈေးရောင်းပွဲတော်တခု ကျင်းပခဲ့သည်။ ၎င်းဈေးရောင်းပွဲတော်ကို Project Help Burma အမည်ရှိ မြန်မာလူမှုရေး တက်ကြွသူတို့က စုပေါင်းကျင်းပခြင်းဖြစ်သည်။

Read more...
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  Next 
  •  End 
  • »
Page 1 of 4