Home သတင်းနှင့်မှတ်တမ်း လှုပ်ရှားမှုသတင်းများ မြို့အလိုက် လှုပ်ရှားမှုများ အရီဇိုးနား ပြည်သူ့ဂုဏ်ရည် ဌာနခွဲ စည်းရုံးရေးလှုပ်ရှားမှု ပြုလုပ်

အရီဇိုးနား ပြည်သူ့ဂုဏ်ရည် ဌာနခွဲ စည်းရုံးရေးလှုပ်ရှားမှု ပြုလုပ်

E-mail Print PDF

ပြည်သူ့ဂုဏ်ရည်အသင်း အရီဇိုးနားဌာနခွဲက နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပသည့် တေးဂီတ ဖျော်ဖြေပွဲတရပ်၌ စည်းရုံးရေး လှုပ်ရှားမှုများ လုပ်ဆောင် ခဲ့ကြသည်။ ရွှေ့ပြောင်းအခြေချ နေထိုင်လာကြသည့် အရီဇိုးနားနေ မြန်မာမိသားစုများမှ ဂီတဝါသနာရှင်များဖြင့် ဖွဲ့စည်းထားသော အေရီယာအော့ဖ်သည်ရော့ တီးဝိုင်းဖျော်ဖြေပွဲ တွင် စည်းရုံးရေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာလ ၆ ရက် ညနေ ၄ နာရီမှ ည ၉ နာရီထိ ဖီးနစ်မြို့ရှိ ကော်တက် အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာ မြန်မာပြည်မှ ရောက်ရှိနေသည့် ရှမ်းအမျိုးသား အဆိုတော် စိုင်းဆိုင်မောဝ်၊ အရီဇိုးနားနေ အနုပညာရှင် သီရိညွန့် နှင့် အိက္က်စ်-ကရင်လူငယ် တီးဝိုင်းအဖွဲ့တို့က ဒေသခံ ၀ါသနာရှင် များနှင့်အတူ ဖျော်ဖြေခဲ့ကြသည်။

ပရိသတ် ၃ဝဝ ခန့် လာရောက်အားပေးခဲ့သည့် ဂီတပွဲတွင် ပြည်သူ့ဂုဏ်ရည်အသင်း အရီဇိုးနားဌာနခွဲ အဖွဲ့ဝင်များက အခမ်းအနားမှူးများအဖြစ် လုပ်အားပေးဆောင်ရွက်ခြင်း၊ ပြည်သူ့ဂုဏ်ရည်အသင်း လက်ကမ်းစာစောင်များ ဝေငှခြင်း၊ အသင်းနှင့်ပတ်သက်သည့် သတင်း နှင့် မေးခွန်းများအား ဖြေကြားခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါပွဲတွင် မြန်မာပြည်မှ Guam ကျွန်း၊ ထိုမှ အရီဇိုးနားသို့ ရွှေ့ပြောင်းအခြေချ နေထိုင်လာကြသည့် မိသားစုများက ၎င်းတို့ ဖီးနစ်မြို့တွင် အခြေချနေထိုင်ခြင်း ၁၀ နှစ်မြောက် အထိမ်းအမှတ်ပွဲ စုပေါင်းရန်ပုံငွေထဲမှ ဒေါ်လာ ၃ဝဝ ကို ပခုက္ကူ ရေဘေးသင့်ပြည်သူများ အတွက် ပြည်သူ့ဂုဏ်ရည်အသင်း အရီဇိုးနား ဌာနခွဲသို့ ပေးအပ် လှူဒါန်းခဲ့ကြသည်။ အခြားအလှူရှင် များကလည်း အလှူငွေ ဒေါ်လာ ၁၁ဝ ၀ိုင်းဝန်းလှူဒါန်းခဲ့ကြသည်။    ။

 

Last Updated ( Monday, 14 November 2011 01:20 )  
Share/Save/Bookmark