Home သတင်းနှင့်မှတ်တမ်း သတင်း ထုတ်ပြန်ချက်များ တေးသံရှင် ပိုပို ခုခံအားကျဝေဒနာသည်များကို ဖျော်ဖြေ

တေးသံရှင် ပိုပို ခုခံအားကျဝေဒနာသည်များကို ဖျော်ဖြေ

E-mail Print PDF

ဒီဇင်ဘာလ ၂၅ ရက်နေ့က ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဖွင့်လှစ်ထားသော စောင့်ရှောက်ရေးဂေဟာမှ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရသူများကို တေးသံရှင် ပိုပို ဦးဆောင်သော လူငယ်ဂီတပညာရှင်များက သွားရောက်ဖြေဖျော်ခဲ့ကြသည်။


အဆိုပါဖြေဖျော်မှုကို နံနက် ၁၁ နာရီမှ ညနေ ၄ နာရီထိ ပြုလုပ်ခဲ့သည်။ ဖြေဖျော်မှုအပြီးတွင် မပိုပိုနှင့် လူငယ်ဂီတသမားများက လူနာများအတွက် ငွေသားနှင့် အ၀တ်အထည်များကိုလည်း လှူဒါန်းခဲ့ကြသည်။

တေးသံရှင် ပိုပိုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပြုလုပ်ခဲ့သည့် World Aids Day နေ့ အခမ်းအနားတွင် လူသားအကျိုးပြုသီချင်းဖြင့် လာရောက်ဖြေဖျော်ပေးခဲ့သူဖြစ်ပြီး အထိမ်းအမှတ် ထုတ်ဝေခဲ့သည့် သီချင်းခွေတွင်လည်း ပါဝင်သီဆိုပေးခဲ့သူဖြစ်သည်။
 

Last Updated ( Tuesday, 27 December 2011 05:31 )  
Share/Save/Bookmark