Home ပြည်သူ့ဂုဏ်ရည် စုတုပြုကဏ္ဍ | Citizen of Burma News

ပြည်သူ့ဂုဏ်ရည် စုတုပြု ကဏ္ဍ


Warning: getimagesize(/home/greatcit/public_html/2011/images/stories/myitmakha/myitmakhaphoto.jpg) [function.getimagesize]: failed to open stream: No such file or directory in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 74

Warning: Division by zero in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 84

Warning: Division by zero in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 85

Warning: imagecreatefromjpeg(/home/greatcit/public_html/2011/images/stories/myitmakha/myitmakhaphoto.jpg) [function.imagecreatefromjpeg]: failed to open stream: No such file or directory in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 116

Warning: imagecreatetruecolor() [function.imagecreatetruecolor]: Invalid image dimensions in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 126

Warning: imageantialias(): supplied argument is not a valid Image resource in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 128

Warning: imagecopyresampled(): supplied argument is not a valid Image resource in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 129

Warning: imagejpeg(): supplied argument is not a valid Image resource in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 130

ဆင်းရဲချို့တဲ့သူများအတွက် ကျီစုကျေးရွာတွင် အခမဲ့ဆေးခန်း ဖွင့်လှစ်

ဆင်းရဲချို့တဲ့သူများအတွက် ကျီစုကျေးရွာတွင် အခမဲ့ဆေးခန်း ဖွင့်လှစ်

ကျော်ဇင်မန်း (မြစ်မခ)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ကျီစုကျေးရွာအတွင်း အနောက်ကျောင်း သဇ္ဇနရာမ ကျောင်းတိုက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေး ကွန်ယက် အမည်ရှိ အခမဲ့ဆေးခန်းတစ်ခုကို  ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါဆေးခန်းအား နာမကျန်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ဆင်းရဲနွမ်းပါးသူများအတွက် အဓိကရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။ 

ဆေးခန်းဖွင့်လှစ်ထားသော ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ကျီစုကျေးရွာတွင် အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး သွားရေးလာရေးခက်ခဲခြင်း၊ အနီးတဝိုက်တွင် ဆေးရုံ ဆေးခန်းများမရှိခြင်း၊ လက်လုပ်လက်စား အခြေခံ လူတန်းစားများ များပြားခြင်းအစရှိသည့် လိုအပ်ချက်များကြောင့် ယခုကဲ့သို့ အခမဲ့ဆေးခန်း လာရောက်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေးကွန်ယက် တာဝန်ခံ ကိုမျိုးသန့်ကျော်က ပြောသည်။ 

“ဒီနေရာက အခြေခံလူတန်းစားတွေ များတယ်။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အတွက် နာမကျန်းဖြစ်ရင် ကားဝင်လို့မရဘူး။ အထမ်းနဲ့ ထုတ်ရတယ်။ အဲလိုမျိုးလေးတွေ ရှိတာပေါ့။ နွမ်းပါးသူတွေအတွက် တကယ်လိုအပ်နေလို့ ဖွင့်တာပါ” ဟု တာဝန်ခံ ကိုမျိုးသန့်ကျော်က ပြောသည်။

ဆေးခန်း စတင်ဖွင့်လှစ်ခဲ့သည့်နေ့မှာပင် လာရောက်ဆေးကုသသူ လူနာဦးရေ ၁၁၆ ဦးရှိပြီး လက်ရှိအချိန်တွင် ဆေးခန်းအား ဆရာဝန်အခက်အခဲကြောင့် တစ်ပတ်လျှင် ကြာသပတေး နှင့် တနင်္ဂနွေ ၂ ရက်သာ ဖွင့်လှစ်၍ ကုသနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကြာသပတေးနေ့တွင် အင်္ဂလိပ်ဆေးဆရာဝန်နှင့် ကုသပေးမည်ဖြစ်ပြီး၊ တနင်္ဂနွေနေ့တွင် လေဖြတ်သူများ၊ အညောင်းအညာမိနေသူများအတွက် တိုင်းရင်းဆေးဆရာဖြင့် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

“အခုက စဖွင့်ခါစဆိုတော့ ဆရာဝန်တွေက မစုံသေးဘူး။ အဲဒါကြောင့် တစ်ပတ် ၂ ရက်ပဲ ဖွင့်နိုင်သေးတာပါ။ နောက်ပိုင်း ဆရာဝန်တွေရောက်လာရင်တော့ တစ်ပတ်လုံး ဖွင့်ပေးသွားမှာပါ။ တိုင်းရင်းဆေးဆရာထားတာက တချို့ကျတော့ တိုင်းရင်းဆေးနဲ့ပဲ ကုချင်တဲ့သူတွေရှိတယ်လေ” ဟု အဖွဲ့ဝင်လူငယ်တစ်ဦးက ပြောသည်။ 

ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေးကွန်ယက်ကို လူဦးရေ ၄၀ ခန့်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လူငယ်များ အများဆုံးပါဝင်ကြောင်း သိရသည်။ ဆေးခန်းဖွင့်လှစ်နိုင်ရန် အဖွဲ့အတွင်းရှိ လူငယ်များနှင့် ပြင်ပအလှူရှင်များမှ လာရောက်လှူဒါန်းသော အလှူငွေများဖြင့် ယခုကဲ့သို့ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Myit Makha Media Group ၏ Face Book မှ သတင်းအား ပြန်လည်ဖော်ပြပါသည်။

Last Updated ( Saturday, 26 November 2011 19:23 )

 

ကိုဇာဂနာနှင့် ပြည်သူ့ဂုဏ်ရည် အင်တာဗျူး

ကိုဇာဂနာနှင့် ပြည်သူ့ဂုဏ်ရည် အင်တာဗျူး

 

ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင် ၅ ဦးစာရင်းတွင် ၂ နှစ်ဆက်တိုက် ရွေးချယ်ခံရသည့် အနုပညာရှင် ကိုဇာဂနာသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ပါသည်။ နာဂစ်လေဘေးသင့်ပြည်သူများအား အကူအညီပေးခဲ့ပုံများ၊ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူ့ဂုဏ်ရည်အသင်း၏ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါသည်။

အင်တာဗျူး အသံဖိုင် နားဆင်ရန်  

 

Last Updated ( Tuesday, 18 October 2011 00:01 )


Warning: getimagesize(/home/greatcit/public_html/2011/images/stories/dawshu002resized.jpg) [function.getimagesize]: failed to open stream: No such file or directory in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 74

Warning: Division by zero in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 84

Warning: Division by zero in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 85

Warning: imagecreatefromjpeg(/home/greatcit/public_html/2011/images/stories/dawshu002resized.jpg) [function.imagecreatefromjpeg]: failed to open stream: No such file or directory in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 116

Warning: imagecreatetruecolor() [function.imagecreatetruecolor]: Invalid image dimensions in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 126

Warning: imageantialias(): supplied argument is not a valid Image resource in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 128

Warning: imagecopyresampled(): supplied argument is not a valid Image resource in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 129

Warning: imagejpeg(): supplied argument is not a valid Image resource in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 130

ဒေါ်ရှု၊ သံဃာတော်များနှင့် သီလရှင်များကို ထောင်ဝင်စာ ပေးပို့နေသူ

ဒေါ်ရှု၊ သံဃာတော်များနှင့် သီလရှင်များကို ထောင်ဝင်စာ ပေးပို့နေသူ

 

          အသက် (၆၂) နှစ် အရွယ်ရှိ ဘိုကလေးသူ ဒေါ်ရှုသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာ့ အရေးအခင်းကြောင့် အကျဉ်းကျ ခံနေရသော ထောင်ဝင်စာတွေ့ မည့်သူ မရှိသည့် သံဃာတော် များနှင့် သီလရှင်များ ကို အပတ်စဉ် ထောင်ဝင်စာ ပေးပို့နိုင်ရေး အတွက် မိသားစု ၏ စိတ်ပူပင်မှု များနှင့် အာဏာပိုင်များ ၏ဖိအားပေး နှောင့်ယှက်မှု များကြားမှ လုပ်ကိုင်နေသူ ဖြစ်ပါသည်။ ထို့အပြင် ထောင်ဝင် စာတွေ့ သူမရှိဖြစ်နေ ကြသည့် နိုင်ငံရေး အကျဉ်းသား လူပုဂ္ဂိုလ် အချို့ ကိုပါ ထောင်ဝင်စာ ပေးပို့နေပါသည်။
        ဖေဖေါ်ဝါရီလ ၁၈ ရက်၊ ၂၀၁၁ ခုနှစ် ဧရာဝတီ အင်တာနက် သတင်း စာမျက်နှာမှ ဆောင်းပါရှင် မင်းနိုင်သူ ၏ ဆောင်းပါး တွင် ဒေါ်ရှု အကြောင်း အစိတ်အပိုင်း ကို ယခုကဲ့သို့ ရေးသား ထားခဲ့သည်။

“ဘိက္ခူမာတာ” ဒေါ်ရှု    (မင်းနိုင်သူ Friday, 18 February 2011 18:47 ဧရာဝတီ ဆောင်းပါး )

" ဒီ အကြောင်းတွေရေးရင် အာဏာပိုင်တွေက အနှောင့်အယှက် ပေးမှာကို စိုးရိမ်မိတယ်။ အန်တီ့အတွက် စိုးရိမ်တာ မဟုတ်ဘူးနော်။ အန်တီ ထောင်ဝင်စာတွေ့ပေးနေရတဲ့ သံဃာတွေကို ထောင်ဝင်စာ သွားတွေ့မယ့်လူ မရှိတော့မှာစိုးလို့”  ဟု မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးနေတဲ့ ဒေါ်ရှုက ပြောလက်စကို ခဏရပ်လိုက်ရင်း သူ့စိုးရိမ်မှုကို ဖွင့်ဟပါတယ်။

အဲဒီနောက်မှာတော့ သက်ပြင်းတချက် ရှုသွင်းလိုက်ရင်း ဒေါ်ရှုက စကားဆက်ပြန်ပါတယ်။

“အန်တီဘာတွေ လုပ်နေတယ်ဆိုတာလည်း စောင့်ကြည့်နေတဲ့သူတွေ၊ ထောင်ဝန်ထမ်းတွေက သိကြပါတယ်။ အန်တီက နိုင်ငံပုန်ကန်နေတာလည်း မဟုတ်ဘူး၊ ဘယ်သူမှ ထောင်ဝင်စာ လာမတွေ့နိုင်တဲ့ သံဃာတွေကို သနားလွန်းလို့  ထောင်ဝင်စာ တွေ့ပေးနေတာ သက်သက်ပါပဲ”

ဒေါ်ရှုဆိုတာကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ အကျဉ်းကျခံနေရပြီး ထောင်ဝင်စာတွေ့မယ့်သူ မရှိတဲ့ သံဃာတွေကို ထောင်ဝင်စာ တွေ့ပေးနေသူပါ။

စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက် ရပ်ကွက်မှာရှိတဲ့ ဒေါ်ရှုရဲ့ နှစ်ထပ်အိမ်လေး ထဲမှာတော့ မြန်မာနိုင်ငံတ၀န်းက အကျဉ်း ထောင်တွေမှာ ထောင်ဝင်စာတွေ့မယ့်သူ မရှိဖြစ်နေတဲ့ သံဃာတွေဆီကို ပေးပို့မယ့် ထောင်ဝင်စာ ထုပ်တွေ အမြဲမပြတ် ရှိနေတတ်တယ်လို့ အရှင်စန္ဒောဘာသက မိန့်ဆိုပါတယ်။ အရှင် စန္ဒောဘာသဟာ ၁၆ နှစ်ကြာ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ပြီး ဒေါ်ရှုရဲ့ ထောင်ဝင်စာအလှူကို လက်ခံခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

“ဦးပဉ္ဇင်း ၂၀၀၉ ခုနှစ်မှာ အင်းစိန်ထောင်ကနေ လွတ်လာတော့ သူ့အိမ်မှာ ၃ ရက်လောက် တည်းခိုခဲ့ဖူးတယ်။ သူ့အိမ်ထဲမှာ နယ်ထောင် တွေဆီပို့မယ့် ထောင်ဝင်စာထုပ် ကလေးတွေ အမြဲမပြတ် ရှိနေတတ်တယ်။ အပတ်စဉ် ထောင်ဝင်စာထုပ်တွေ ပေးပို့နိုင်ဖို့ ဈေးတကာလှည့် ဈေးဝယ်ရ၊ ချက်ရ ပြုတ်ရနဲ့ သူ့မှာ နားနေချိန်ရယ်လို့ မရှိသလောက်ပါပဲ” လို့ အရှင်စန္ဒောဘာသက ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) စမ်းချောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ရှုဟာ ၂၀၀၇ ခုနှစ် ဇူလိုင်လ အတွင်းက  ကျောက်တော်ကြီးဘုရားမှာ ၀တ်ပြု ဆုတောင်းခဲ့တဲ့အတွက် အာဏာပိုင်တွေရဲ့ ၄၅ ရက်ကြာ ဖမ်းဆီး ထိန်းသိမ်းမှု ကိုလည်း ခံခဲ့ရသူပါ။

စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းတဲ့အပြင် အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုကို မကြာခဏ ခံနေရတဲ့ အလုပ်ကို ဘာကြောင့် ဒေါ်ရှု လုပ်ဖြစ်ခဲ့တာပါလဲ။

ဒေါ်ရှုက ရှေ့နေ ကိုဖိုးဖြူ၊ ကိုညီညီနိုင်တို့နဲ့ ရင်းနှီးခဲ့တဲ့အကြောင်း၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးမှာ ကိုဖိုးဖြူက သူ ရှေ့နေလိုက်ပေးနေတဲ့ အမှုမှာပါတဲ့ မြောက်ဥက္ကလာ ဘုန်းကြီးကျောင်းက သံဃာတော်တွေနဲ့ သီလရှင်တွေကို ထောင်ဝင်စာ တွေ့မယ့်သူ မရှိတာကြောင့် ဆွမ်းကပ်ပေးဖို့ အကူအညီ တောင်းခဲ့တဲ့အကြောင်း၊ အဲဒီကနေစပြီး သံဃာတော် ၇ ပါးနဲ့ သီလရင် ၇ ပါးတို့ကို စပြီး ဆွမ်းကပ်ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။

“ရှေ့နေ ကိုဖိုးဖြူက အန်တီရယ်၊ သူများတွေက ထမင်းစားနေချိန်မှာ သူတို့မှာ အငတ်နေရတယ်။ သိပ်သနားစရာကောင်းတာပဲ ထမင်းလာ ကျွေးပေးပါလားလို့ ပြောလာလို့ စကျွေးတာ။ နောက်တော့ အဲဒီဘုန်းကြီးတွေကနေ ဘယ်ဘုန်းကြီးတွေလည်း ထောင်ဝင်စာ မရကြပါဘူး၊ ကူပါဦး ဒကာမကြီးရယ်ဆိုတော့ ကျန်သံဃာတွေကိုပါ ထောင်ဝင်စာတွေ့နေရတော့တာ။ အခုဆို ၃ နှစ်နဲ့ ၄ လ ရှိလာပြီပေါ့” လို့ ဒေါ်ရှုက ထင်မှတ်မထားပါဘဲ သံဃာတွေကို ထောင်ဝင်စာပေးပို့ ဖြစ်ခဲ့ပုံကို ပြန်ပြောပါတယ်။

အခုချိန်မှာတော့ ဒေါ်ရှု အပတ်စဉ် ထောင်ဝင်စာပေးပို့နေရတဲ့ သံဃာ အပါး ၅၀ ကျော်နေပါပြီ။ ဒီလို တိုးပွားလာတဲ့ သံဃာ ဦးရေကို အပတ်စဉ်ထောင်ဝင်စာ တွေ့နိုင်ရေးအတွက် NLD ကလည်း  ဒေါ်ရှုကို ကူညီထောက်ပံ့ပေးပါတယ်။ NLDက နိုင်ငံရေး အကျဉ်းသားတဦးအတွက် တလကို ၅၀၀၀ ကျပ်နှုန်း ထောက်ပံ့ ပေးနေပေမယ့် လုံလောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။

အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ ဘိုကလေးသူ ဒေါ်ရှုဟာ မြန်မာနိုင်ငံအနှံ့ နိုင်ငံရေးကြောင့် အထိန်းသိမ်းခံထားရတဲ့ သံဃာတွေဆီကို အပတ်စဉ် ထောင်ဝင်စာ ပေးပို့နိုင်ရေးအတွက် ကူဖော်လောင်ဖက် အမျိုးသမီး ၂ ဦးနဲ့အတူ လုပ်ကိုင်နေရတာပါ။ အဲဒီ အမျိုးသမီး ၂ ဦးကို တယောက်အတွက် တလ ကျပ် ၂ သောင်းပေးပြီး အကူအညီ ခေါ်ထားရတယ်လို့ ဆိုပါတယ်။ ဒေါ်ရှုနဲ့ အတူနေကြတဲ့ သားနဲ့ သမီးက ဒီလို ထောင်ဝင်စာပို့တဲ့အလုပ်လုပ်တာကို သဘောမတူတာကြောင့် ကူမယ့်သူတွေ ခေါ်ထားရတာလို့ ပြောပြပါတယ်။

“သားတွေ၊ သမီးတွေ သဘောမတူဘူး ဆိုတာက အန်တီပင်ပန်းတာကို သူတို့ မကြည့်ရက်လို့ပါ။ သူတို့ တားပေမယ့် အန်တီက ဆက်လုပ်နေတော့ နောက်ပိုင်းမှာ သားသမီးတွေကလည်း သိပ်မကြည်တော့ဘူးပေါ့။ အန်တီ့ အမျိုးသားနဲ့ ကွဲခဲ့ရတာလည်း ဒီအလုပ်တွေ ကြောင့်ပေါ့” လို့ ဒေါ်ရှုက ဆိုပါတယ်။

တကယ်တော့ ဒေါ်ရှုဟာ သူ့ဆီက ပို့လိုက်မယ့် ထောင်ဝင်စာထုပ်ကို စောင့်မျှော်နေမယ့် ထောင်တွင်းက သံဃာတော်တွေရဲ့ မျက်နှာနဲ့ သားသမီး တွေရဲ့ ငြူစူတဲ့ မျက်နှာတွေအကြား ဗျာများ နေရသူ ဖြစ်ပါတယ်။

ဒေါ်ရှုဟာ သံဃာတွေကို ထောင်ဝင်စာထုပ် ပို့နိုင်ရေးအတွက်ဆိုရင် သူ့သမီး လက်ဝတ်လက်စားတောင် ပေါင်ဖို့ လက်မနှေးဘူးလို့ အရှင် စန္ဒောဘာသက မိန့်ပါတယ်။

“ဦးပဉ္ဇင်း ထောင်က လွတ်လာပြီးနောက် သူ့အိမ်ကို ရောက်ပြီး အပြန်မှာ သူလည်း လမ်းကြုံတာနဲ့ နိုင်ငံခြားမှာ ရှိနေတဲ့ သူ့သားပို့လိုက်တဲ့ ငွေကို ဘဏ်မှာ လိုက်ထုတ်တယ်။ ငွေလည်း ရရော အပေါင်ဆိုင် ပြေးပြီး သူ့သမီး လက်ဝတ် လက်စားလေးကို ပြန်ရွေးတယ်။ သားပို့တဲ့ငွေက ထောင်ဝင်စာထုပ်ပို့ချိန် မမီတော့ သမီးလက်ကောက်လေး ခဏ အပေါင်ထားလိုက်ရတယ် ဦးပဉ္ဇင်းလို့ ပြောတယ်။ ဒေါ်ရှုဆိုတာ အဲလို အမျိုးသမီးပါ” လို့ အရှင်စန္ဒောဘာသက ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားတဦးအတွက် တလ ၅၀၀၀ ကျပ်ဆိုတဲ့ NLD ရဲ့ထောက်ပံ့ငွေဟာ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်း၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီး တိုးပွားလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကြောင့် ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေ ရတယ် လို့လည်း အရှင်စန္ဒောဘာသက မိန့်ကြားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေပါတယ်။ ဒီစာရင်းထဲမှာ သံဃာ အပါး ၂၅၀ ကျော်နဲ့ သီလရှင် ၁ ပါး ပါဝင်နေပေမယ့် ဒေါ်ရှု ထောင်ဝင်စာထုပ် ပေးပို့နိုင်တာက သံဃာ အပါး ၅၀ လောက်ပဲ ရှိပါသေးတယ်။ တကယ်တော့ ဒေါ်ရှုဟာ သံဃာအပါး ၅၀ သာမကဘူး ထောင်ဝင်စာ တွေ့သူ မရှိဖြစ်နေကြတဲ့ နိုင်ငံရေးအကျဉ်းသား လူပုဂ္ဂိုလ်တချို့ကိုပါ ထောင်ဝင်စာ ပေးပို့နေတာပါ။

ဒေါ်ရှုဟာ သံဃာတော်တွေကို ထောင်ဝင်စာတွေ့နေပေမယ့် သူ့ထောင်ဝင်စာထုပ်ကို လက်ခံရယူနေတဲ့ သံဃာတော်တိုင်းကို မြင်တွေ့ဖူးသူတော့ မဟုတ်ပါဘူး။

“မိသားစုဝင်ဖြစ်မှ ထောင်ဝင်စာ တွေ့ခွင့်ရတာလေ။ အန်တီက ထောင်ဝင်စာထုပ်တွေကို အင်းစိန် ထောင်ဘူးဝမှာပဲ ပေးထားခဲ့ရတာ။ နယ်ထောင်တွေအတွက် ဆိုရင်တော့ ထောင်ဝင်စာထုပ်ကို သေချာ ထုပ်ပိုးပြီး စာတိုက်ကြီးကနေ ပါဆယ် ပို့ရတာပေါ့။ တရားရုံးက စီရင်ချက် မချသေးလို့ တရားရုံးထုတ် ထွက်လာတဲ့ သံဃာတချို့ကိုပဲ အန်တီ တွေ့ဖူးသေးတယ်” လို့ ဒေါ်ရှုက ပြောပါတယ်။

ဒီလိုတွေ့ခွင့်ရတဲ့အထဲက တချို့မြင်ကွင်းတွေဟာ သူ့စိတ်ကို ထိခိုက်စေခဲ့ပြီး သူ့အလုပ်ကို ဆက်လုပ်စေဖို့အတွက် တွန်းအားတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

“၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးမှာ အဖမ်းခံရတဲ့ မြောက်ဥက္ကလာ သစ္စာသရဖူကျောင်းထိုင် ဆရာတော်ကို ထောင်ဝင်စာ သွားတွေ့ရတုန်းက ဒကာမကြီးရယ် ဒကာမကြီးရဲ့ ထောင်ဝင်စာကြောင့်သာ ဦးပဉ္ဇင်းမှာ လူလူသူသူလေး စားရသောက်ရပါတယ်။ ဒကာမကြီး ကျေးဇူးကြီးမားပါပေတယ်ဆိုပြီး အသက် ၇၀ ကျော် ဘုန်းကြီးက လက်အုပ်လေးချီပြီး အန်တီ့ကို ပြောတော့ အန်တီ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ အဲဒီမြင်ကွင်းကို ခုထိ မြင်ယောင်နေတုန်းပဲ။ ပြန်တွေးမိတိုင်းလည်း ငိုချင်နေတုန်းပဲ” လို့ ဒေါ်ရှုက ရှိုက်သံကို ထိန်းရင်း ပြောပြပါတယ်။

၁၉၉၃ ခုနှစ်က နိုင်ငံရေးပုဒ်မနဲ့ နအဖ စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရတဲ့ အရှင်စန္ဒောဘာသ ဟာ ၂၀၀၇ ခုနှစ်အထိ ထောင်ဝင်စာ တွေ့သူမရှိဖြစ်နေရာက ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီး အင်းစိန်ထောင်ထဲကို သံဃာတော်တွေ ထပ်မံ ရောက်ရှိလာပြီး ချိန်မှာတော့ ဒေါ်ရှုရဲ့ ထောင်ဝင်စာထုပ်ကို လက်ခံရရှိ လာပါတော့တယ်။

“သံဃာတွေဆိုတာက တောသားတွေများတယ်လေ။ သံဃာတွေရဲ့ ဆွေမျိုးသားချင်းတွေဆိုတာကလည်း တောသူ တောင်သားတွေ များတာဆိုတော့ သူတို့ ဒေသလေးက လွဲရင် မသွားတတ် မလာတတ်။ ဒီတော့ ထောင်ဝင်စာလည်း လာမတွေ့တတ်ကြ၊ မတွေ့နိုင်ကြ။ ဒီလိုအချိန်မှာ ဒေါ်ရှုက မိသားစုတွေ ကိုယ်စား ထောင်ဝင်စာထုပ်လေး ပို့ပေးလာတော့ ဦးပဉ္ဇင်း အရမ်းကို ၀မ်းသာသွားတယ်။ ဒကာမကြီးကိုလည်း အရမ်းတွေ့ချင်လာတယ်” လို့ အရှင်စန္ဒောဘာသာက ဆိုပါတယ်။

အရှင်စန္ဒောဘာသ အင်းစိန်ထောင်က လွတ်မယ့်အချိန်မှာ သူအရမ်းတွေ့မြင်ချင်လွန်းတဲ့ ဒေါ်ရှုက လာကြိုနေပေမယ့် တွေ့ခွင့် မသာခဲ့ပါဘူး။

“အဲဒီနေ့က ဦးပဉ္ဇင်းကို သူ လာကြိုနေတယ်တဲ့။ ဒါပေမယ့် ဦးပဉ္ဇင်းက ကျန်းမာရေးကြောင့် လဲကျသွားတော့ အာဏာပိုင်တွေ စီစဉ်ပေးတဲ့ ကားနဲ့ လိုက်သွားရပြီး သူနဲ့ မတွေ့လိုက်ရတော့ဘူး။ နောက်တော့ သူ့အိမ်ကို ဦးပဉ္ဇင်းသွားတွေ့တယ်။ သူ့အိမ်မှာလည်း ၃ ရက် တည်းခဲ့တယ်”

အရှင်စန္ဒောဘာသ ဒေါ်ရှုအိမ်မှာ တည်းခိုနေချိန်မှာ စမ်းချောင်းမြို့နယ် မယက အဖွဲ့က ဒေါ်ရှုနဲ့ အရှင်စန္ဒောဘာသကို ဆင့်ခေါ်ပါတော့တယ်။ အာဏာပိုင်တွေ သူ့ကို ခေါ်ပြီဆိုတဲ့အချိန်မှာ ဒေါ်ရှုဟာ အေးဆေးတည်ငြိမ်စွာနဲ့ပဲ သူ ထောင်ထဲရောက်ရင် လိုအပ်မယ့် ပစ္စည်းတွေကို အသင့်ပြင်ပြီး လိုက်ပါသွားတာပါ။

“သူ့မျက်နှာမှာ တုန်လှုပ်တဲ့ အရိပ်အယောင်မတွေ့ရဘူး။ သူ့ကို ဖမ်းဆီးရင် ထောင်ထဲမှာ လိုအပ်မယ့် အသုံးအဆောင် တွေကိုလည်း သူက အသင့် ထုပ်ပိုးထားပြီးသား။ ဦးပဉ္ဇင်းကို လက်ခံထားတဲ့အတွက်ဆိုပြီး စမ်းချောင်း မယက ရုံးမှာ သူ ဆူပူ ကြိမ်းမောင်းခံရတယ်။ သူကတော့ ဦးပဉ္ဇင်းကို လက်ခံတာဟာ ဘာပြစ်မှုကိုမှ ကျူးလွန်တာမဟုတ်ဘူးဆိုပြီး အာဏာပိုင်တွေကို ပြောတယ်” လို့ ဒေါ်ရှုခေါ်ယူ စစ်မေးခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရှင် စန္ဒောဘာသက မိန့်ပါတယ်။

စမ်းချောင်း မယက ရုံးက ပြန်လာကြတဲ့နောက်မှာ ဒေါ်ရှုဟာ သူ့အိမ်မှာပဲ ဆက်လက် တည်းခိုနေနိုင်ပါကြောင်း ပြောပေမယ့် သူ့အတွက်နဲ့ အာဏာပိုင်တွေက ထပ်မံနှောင့်ယှက်မှာကို မလိုလားတဲ့ အရှင်စန္ဒောဘာသဟာ သူ့ နယ်ကို ပြန်လည် ကြွသွား ပါတော့တယ်။

နိုင်ငံရေးမှုနဲ့ နအဖ စစ်အစိုးရရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုခံခဲ့ရတဲ့အပြင် ထောင်ကလွတ်လာချိန်မှာလည်း ဘုန်းကြီးကျောင်း တွေမှာ သီတင်းသုံး နေထိုင်လို့မရအောင် အာဏာပိုင်တွေက နှောင့်ယှက်ပြန်တာကြောင့်  ထိုင်းနိုင်ငံကို ထွက်လာခဲ့ရတဲ့ အရှင် စန္ဒောဘာသက ဒေါ်ရှုကို အောင့်မေ့သတိရနေဆဲ၊ ဒေါ်ရှုနဲ့ ပတ်သက်လို့ သူ့မှာ အမှတ်ရစရာတွေ အများကြီးပဲလို့ ဆိုပါတယ်။

ဆက်လက်ပြီး အရှင်စန္ဒောဘာသ မိန့်ကြားတာကတော့ ...။

“သူ့ကျေးဇူးတွေဟာ ဦးပဉ္ဇင်းတို့ သံဃာတွေအပေါ်မှာ အများကြီးပဲ။ ဦးပဉ္ဇင်း သူ့ကို နှုတ်ဆက်လေ့ရှိတဲ့ စကားလေး တခွန်းရှိတယ်။ အဲဒီစကားလေးကိုကြားရင် သူ့မျက်နှာမှာ ပီတိဖြာသွားတာကို တွေ့ရတယ်။ အဲဒီစကားကတော့ ဘိက္ခူမာတာတဲ့”

“ဘိက္ခူမာတာ” ဆိုတာ ပါဠိဘာသာစကားဖြစ်ပြီး “သာသနာ့အနွယ်ဝင်တို့ရဲ့ မိခင်” လို့ အဓိပ္ပာယ်ရပါတယ်။

Last Updated ( Thursday, 05 May 2011 01:14 )

ပြည်သူ့ဂုဏ်ရည်အကြောင်း၊ လွတ်လပ်တဲ့အာရှအသံ (အာရ်အက်အေ) ၏ ၂၀၁၁ ဧပြီလ ၁၉ ရက် ထုတ်လွှင့်ချက်

လွတ်လပ်တဲ့အာရှအသံ (အာရ်အက်အေ) ၏ ၂၀၁၁ ဧပြီလ ၁၉ ရက် ထုတ်လွှင့်ချက်

    အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက ပေးအပ် ချီးမြှင့်နေတဲ့ ဒုတိယမြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် နာမည်စာရင်း အဆိုပြုခံရသူ ရဟန်းရှင်လူ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း စုစုပေါင်း၂၀ ထဲက ဆန်ခါတင် ၅ ဦး သတ်မှတ် ရွေးချယ်ရေး အစီအစဉ်ကို အမေရိကန်ပြည်ထောင်စု တဝန်းက မြန်မာမိသားစုတွေအကြား စတင်ဆောင်ရွက်နေပြီလို့ ဆုပေးပွဲကျင်းပရေး ကော်မတီဝင် စာရေးဆရာ ဦးထိန်လင်းက RFA ကို ဧပြီ ၁၈ ရက် မနေ့က ပြောပါတယ်။
    “စာရင်းပိတ်သွားတဲ့ အချိန်မှာ စုစုပေါင်း ၃၄ ဦးပေါ့နော်၊ ၃၄ ဦးဆိုတာ အဖွဲ့အစည်းလည်း အဲဒီထဲမှာပဲ ပေါင်းထည့်ထားတာပေါ့နော်။ အဲဒီကနေပြီးတော့ ၂၀ ကို ကျနော်တို့ ရွေးထုတ်ပြီးတော့ ဒီမှာ ရှိတဲ့ ပြည်သူ့ဂုဏ်ရည် ဒေသဆိုင်ရာ အဖွဲ့အစည်းတွေကနေပြီးတော့ ဆန်ခါတင် ၅ ဦး ပြန်ရွေးရမှာ ဖြစ်ပါတယ်”
    “အခုတော့ ကျနော်တို့ ၅ ဦး ရွေးတဲ့ အစီအစဉ်ကတော့ အခုကနေ စနေပြီပေါ့နော်။ စပြီဆိုတဲ့အခါကျ ကျနော်တို့ ဒီမှာ အမေရိကားမှာ ရှိတဲ့ ပြည်သူ့ဂုဏ်ရည် မိသားစုတွေ ရှိတဲ့ မြို့တွေမှာပေါ့၊ ဝိုင်းလုပ်ကြတဲ့ စေတနာရှင်တွေရော နောက်ပြီးတော့ မြို့ခံ၊ ဒေသခံတွေ ဆီကပါ တတ်နိုင်သလောက် ဆန္ဒတွေ ကောက်ပြီးတော့ ၅ ဦးပေါ့။ အခုဆိုရင် စပြီး ရွေးပြီပေါ့နော်”
    “ရွေးပြီဆိုတော့ ကျနော်တို့ လကုန်လောက်မှာ အဲဒီ အားလုံးကို ကျနော်တို့ စာရင်းပြန်ပေါင်းတဲ့အခါမှာ အများဆုံးက ရွေးချယ်ထားတဲ့ ဆန်ခါတင် ၅ ဦးကို အွန်လိုင်းမှာတင်ပဲ မဲပေးတဲ့ စနစ်နဲ့ ကျနော်တို့ ရွေးချယ်မှာ ဖြစ်ပါတယ်”
    ပြည်သူ့ဂုဏ်ရည်ဆုဟာ မြန်မာနိုင်ငံတွင်းမှာ လူမှုရေးလုပ်ငန်းတွေ အားကြိုးမာန်တက် ဆောင်ရွက်နေသူတွေကို နိုင်ငံတကာမှာ ရှိတဲ့ မြန်မာမိသားစုတွေက အင်တာနက် အွန်လိုင်းကနေ မဲစနစ်နဲ့ ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။
လောလောဆယ် နာမည်စာရင်း အဆိုပြုခံထားရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂၀ ထဲမှာ သီတဂူဆရာတော် အရှင် ဉာဏိဿရ၊ တောင်ဒဂုံ အိတ်အိုင်ဗီစင်တာ တာဝန်ခံ မဖြူဖြူသင်း၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့က ဦးမြင့်အေး၊ ကိုဇာဂနာ၊ ရခိုင်သဟာရအသင်းကြီးနဲ့ မူဆလင် ကုသိုလ်ဖြစ် ဆေးရုံတို့လည်း ပါဝင်ပါတယ်။
    ဒီဆုကို မနှစ်က စတင်ပေးအပ်ခဲ့တာ ဖြစ်ပြီး ပထမဆုံးအကြိမ် ပြည်သူဂုဏ်ရည်ဆုရှင်အဖြစ် နာရေးကူညီမှု အသင်းခေါင်းဆောင် ဦးကျော်သူကို ရွေးချယ်ပြီး ဆုငွေ အမေရိကန်ဒေါ်လာ ၇ ထောင် ချီးမြှင့်ခဲ့ပါတယ်။ အခုနှစ်အတွက် ရွေးချယ်ခံရတဲ့ ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို ဒေါ်လာ ၁ သောင်းအထိ တိုးမြှင့်ဂုဏ်ပြုဖို့ စီစဉ်ထားပြီး ဆုပေးပွဲကို ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာ လာမယ့် မေလ ၁၅ ရက်နေ့ ကျင်းပမယ်လို့ သိရပါတယ်။
    ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲ ကျင်းပရေး ကော်မတီဝင် စာရေးဆရာ ဦးထိန်လင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

    အခုနှစ်ချီးမြှင့်မယ့် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အဆိုပြုလွှာတွေ လက်ခံတဲ့အဆင့် ပြီးသွားပြီလားခင်ဗျ။

    ဟုတ်ကဲ့ခင်ဗျ၊ ဧပြီလ ၁၅ ရက်က နောက်ဆုံးရက်ဖြစ်ပါတယ်။ အခု အဆိုပြုလွှာစာရင်း ပိတ်သွားပါပြီခင်ဗျာ။

    စာရင်းပိတ်တဲ့ နောက်ဆုံးအခြေအနေရော ဘယ်လိုရှိပါသလဲခင်ဗျ။ ဘယ်နှစ်ဦးလောက်များ အဆိုပြုခဲ့ကြသလဲဆိုတာလေး။

    ဟုတ်ကဲ့ခင်ဗျ။ အခု စာရင်းပိတ်သွားတဲ့အချိန်မှာ စုစုပေါင်း အဖွဲ့အစည်းရော လူပုဂ္ဂိုလ်ရော ၃၄ ဦး။ အဲဒီကနေ ၂၀ ကို ရွေးထုတ်ပြီးတော့ ဒီမှာရှိတဲ့ ပြည်သူ့ဂုဏ်ရည် ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက ဆန်ခါတင် ၅ ဦး ပြန်ရွေးရမှာဖြစ်ပါတယ်။

    ဒီ ၂၀ ထဲမှာပေါ့လေ လေးငါးခုလောက်ကို နာမည်လေး ရွတ်ပြပါလား။

    သြော် .. ဟုတ်ကဲ့ခင်ဗျ။ ကျနော်တို့ ဒီ ၂၀ မှာ ဆရာတော် သံဃာတော်တွေလည်း ပါပါတယ်။ ဥပမာအားဖြင့် သီတဂူဆရာတော် အရှင်ဉာဏိဿရ ပါပါတယ်။ နောက် ရခိုင်သဟာရအသင်း၊ မနှစ်ကတုန်းကတော့ အဆိုပြုလွှာမှာ မပါဘူးပေါ့နော်။ ပြီးတော့ အန်အယ်လ်ဒီ လူမှုအထောက်အကူပြုအဖွဲ့လည်း ပါပါတယ်ခင်ဗျ။ နောက် သုခရိပ်မြုံ အိတ်ခ်ျအိုင်ဗီ ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ၊ တေဇာရာမ ဘုန်းတော်ကြီးသင်ကျောင်းက အရှင်အာစိဏ။

    ၂၀ ထဲကနေပြီးတော့ နောက်ဆုံးဆန်ခါတင် အဖွဲ့အစည်း ၅ ဖွဲ့ ဒါမှမဟုတ် လူပုဂ္ဂိုလ် ၅ ဦးကို ရွေးမယ်ဆိုတော့ ဘယ်တော့လောက်ကို ၅ ဦး ဆန်ခါတင်ရွေးတဲ့အစီအစဉ် စ မလဲခင်ဗျာ။

    ၅ ဦးရွေးတဲ့အစီအစဉ်ကတော့ အခုကနေ စနေပြီပေါ့နော်။ စပြီဆိုတဲ့အခါကျတော့ ကျနော်တို့ အမေရိကမှာရှိတဲ့ ပြည်သူ့ဂုဏ်ရည်မိသားစုတွေရှိတဲ့မြို့တွေမှာ ၀ိုင်းလုပ်ကြတဲ့ စေတနာရှင်တွေရော၊ နောက်ပြီးတော့ ဒေသခံတွေဆီကပါ တတ်နိုင်သလောက် ဆန္ဒတွေကောက်ပြီးတော့ ၅ ဦး အခုဆိုရင် စပြီးရွေးနေပြီ။ လကုန်လောက်မှာ အားလုံးကို စာရင်းပြန်ပေါင်းတဲ့အခါ အများဆုံးက ရွေးချယ်ထားတဲ့ ဆန်ခါတင် ၅ ဦးကို အွန်လိုင်းမှာ မဲပေးတဲ့စနစ်နဲ့ ရွေးချယ်မှာဖြစ်ပါတယ်။

    နောက်ဆုံး အပြီးသတ်ရွေးချယ်မှုကိုရော ဘယ်တော့လောက်ဖြစ်မယ်လို့ တွက်ထားလဲခင်ဗျ။

    ဟုတ်ကဲ့။ အပြီးသတ်ရွေးချယ်မှုက စုစုပေါင်း အွန်လိုင်းမှာ ၁၀ ရက် မဲပေးဖို့ရှိပါတယ်။ ပွဲကျင်းပမှာက မေလ ၁၅ ရက် ဆိုတော့ ပွဲမတိုင်ခင် ၂ ရက် ၃ ရက်မှာ အပြီး အွန်လိုင်းမဲပေးတဲ့စနစ်နဲ့ တကမ္ဘာလုံးက လူတွေ မဲပေးလို့ရအောင် ၁၀ ရက် ဆန်ခါတင်စာရင်းဝင် ၅ ဦးကို တင်ထားမှာဖြစ်ပါတယ်။ အဲဒီမှာ ၁၀ ရက်လုံးလုံး ကြိုက်တဲ့နေရာကနေ မဲပေးလို့ရအောင် စနစ် လုပ်ထားပါတယ်။ ပြီးတဲ့အခါကျတော့ အဲဒီအထဲက အများဆုံး ဆန္ဒပေးတဲ့သူကို ဆုပေးပွဲနေ့ကျမှ ကြေညာပြီး တခါတည်း ဆုပေးမှာဖြစ်ပါတယ်။

    ဒီနှစ်မှာပေါ့နော်၊ ပြည်သူ့ဂုဏ်ရည်ဆုပေးဖို့ စီစဉ်လှုပ်ရှားနေတာနဲ့ ပတ်သက်ပြီးတော့ ထူးခြားချက်အနေနဲ့ ဘာတွေများ ရှိပါသလဲခင်ဗျာ။

    ကျနော်တို့ စပြီး လုပ်တာ ၂ နှစ်ရှိပြီပေါ့နော်။ မနှစ်ကထက် ထူးခြားတဲ့ကိစ္စက ဘာလဲဆိုတော့ မနှစ်ကတုန်းကဆိုရင် ဆုရရှိတဲ့ ပုဂ္ဂိုလ်ကို ဆုကြေးငွေ ဒေါ်လာ ၇၀၀၀ ပေးဖြစ်တယ်ပေါ့နော်။ ဒီနှစ်မှာတော့ ဒေါ်လာ တစ်သောင်း ပေးဖို့အတွက် ကျနော်တို့ ဆုံးဖြတ်ထားကြပါတယ်။

    ရန်ပုံငွေရရှိမှုအခြေအနေရော ဘယ်လိုရှိပါသလဲခင်ဗျ ဒီဆုအတွက်ပေါ့လေ။

    ဟုတ်ကဲ့ခင်ဗျ၊ ရန်ပုံငွေ ရရှိမှုကတော့ တချို့ဒေသတွေမှာလည်း ရန်ပုံငွေဈေးရောင်းပွဲတွေဘာတွေ လုပ်တယ်။ ပြီးတော့ အလှူခံတာတွေရှိပါတယ်။ တချို့မြို့တွေမှာလည်း ပွဲမတိုင်ခင်မှာ လုပ်ဖို့အစီအစဉ်တွေ ဆက်ရှိနေပါတယ်ခင်ဗျ။

    ဒီ ပြည်သူ့ဂုဏ်ရည်ဆုနဲ့ပတ်သက်ပြီးတော့ ကမ္ဘာအနှံ့အပြားက မြန်မာနိုင်ငံသားတွေ ပိုပြီးတော့ ဒီဆုအကြောင်း သိလာကြတယ်လို့ရော သတိထားမိလားခင်ဗျ။

    ဟုတ်ကဲ့ခင်ဗျ၊ ပိုပြီးတော့ သိလာတယ်လို့ ကျနော်တို့ ယူဆမိပါတယ်။ တချို့ကျတော့လည်း ပိုစိတ်ဝင်စားတယ်။ နောက်ပြီးတော့ ဥပမာအားဖြင့် အဆိုပြုလွှာစာရင်း ပေးတဲ့အခါမှာဆိုလည်း အင်တာနက်ကနေတဆင့် အပြင် စာနဲ့ပေါ့နော်၊ စာတိုက်သေတ္တာကို လှမ်းပြီးပို့တာတွေလည်း ရှိပါတယ်။ အဲဒီအခါကျတော့ ဒီနှစ်မှာ အဆိုပြုတဲ့စာရင်းက မနှစ်ကတုန်းက မပါတဲ့လူတွေလည်း တော်တော်များများ ပါလာပါတယ်။

    ဦးထိန်လင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
    ဟုတ်ကဲ့ပါခင်ဗျာ၊ ကျေးဇူးတင်ပါတယ်။    ။

Warning: getimagesize(/home/greatcit/public_html/2011/images/stories/drnaywin.jpg) [function.getimagesize]: failed to open stream: No such file or directory in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 74

Warning: Division by zero in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 84

Warning: Division by zero in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 85

Warning: imagecreatefromjpeg(/home/greatcit/public_html/2011/images/stories/drnaywin.jpg) [function.imagecreatefromjpeg]: failed to open stream: No such file or directory in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 116

Warning: imagecreatetruecolor() [function.imagecreatetruecolor]: Invalid image dimensions in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 126

Warning: imageantialias(): supplied argument is not a valid Image resource in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 128

Warning: imagecopyresampled(): supplied argument is not a valid Image resource in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 129

Warning: imagejpeg(): supplied argument is not a valid Image resource in /home/greatcit/public_html/2011/modules/mod_janews/helper.php on line 130

ဒေါက်တာနေဝင်း

ဒေါက်တာနေဝင်း

 

ဒေါက်တာ နေဝင်းသည် ၂ဝဝ၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ ကျေးရွာများမှ သေဆုံးခဲ့သည့် ရုပ်အလောင်းများကို သဂြိင်္ုဟ်ခဲ့ပြီး ရန်ကုန်အပြန်လမ်းတွင် စရဖ-စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က ဇွန်လလယ်တွင် ဖမ်းဆီးခဲ့သည်။ ပြည်ပ သတင်းမီဒီယာများနှင့် ဆက်သွယ်သည်ဟုဆိုကာ အင်းစိန်ထောင် အထူးတရား ရုံးမှ မတရားအသင်းအဖွဲ့ ပုဒ်မ (၇) ဖြင့် ထောင်ဒဏ် (၂) နှစ်ချမှတ်ခြင်းခံခဲ့ရပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

Last Updated ( Sunday, 24 April 2011 22:59 )

  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  6 
  •  7 
  •  8 
  •  9 
  •  10 
  •  Next 
  •  End 
  • »
Page 1 of 13