Home အထူးကဏ္ဍ ပေးစာများ

ပေးစာများ

ဂုဏ်ယူတယ်ဆို ကူကြပါ

ဖြူဖြူသင်း

(ဧရာဝတီ ၀က်ဆိုက်က ကူးယူဖော်ပြပါတယ်)

HIV/AIDS လူနာတွေကို စောင့်ရှောက်တဲ့ လုပ်ငန်းမှာ ဘာအခက်ခဲတွေ ရှိသလဲဆိုတဲ့ မေးခွန်းကို ထပ်ခါတလဲလဲ အမေးခံရ ပါတယ်။ ကျမလည်း ဖြေစရာစကား မရှိသလိုတောင် ဖြစ်ဖြစ်နေပါပြီ။ အကုန်လုံး လိုအပ်တယ်လို့ ပြောရင် နှာခေါင်းရှုံ့ကြလေမလား မသိဘူး။


“ဆယ့်ရှစ်အိမ်” လို့ ကျမတို့ အလွယ်ခေါ်ကြတဲ့ ရန်ကုန်မြို့ဒဂုံမြို့သစ် တောင်ပိုင်း အမှတ် ၁၈ ရပ်ကွက်က ဂေဟာမှာ လူနာ တချို့က ကျမတို့ကို ပြန်ကူညီနေကြပါတယ်။

တခါတော့ သူတို့က ကျမကို ထူးဆန်းတဲ့ မေးခွန်းတခု မေးပါတယ်။ “လူနာတွေကို မီဒီယာသမားတွေနဲ့ တွေ့တဲ့အခါ ပိုက်ဆံရှိတယ်၊ တည်းစရာနေရာ ရှိတယ်လို့ မပြောဖို့ ခြိမ်းခြောက်ထားသလား” တဲ့။ ဒီလို လုပ်စရာ မလိုပါဘူး၊ ဘာဖြစ်လို့ မေးတာလဲ ဆိုတော့ “လာသမျှ လူနာတွေက ဘာမှမပါဘူး၊ ဘယ်မှမသွားတတ်ဘူး၊ ဘယ်မှာမှ နေစရာမရှိဘူး၊ ဘာမှ မလုပ်တတ်ဘူး၊ ဘာ စားစရာမှမပါဘူး ဆိုတာချည်း ပြောပြောနေလို့ပါ” တဲ့။ ဒါဟာ ရင်းနှီးခင်မင်လာတဲ့ သူတို့က မွန်းကျပ်စရာ အခြေအနေနဲ့ ကြုံချိန်မှာ နောက်ပြောင်ပြောတာဖြစ်လို့ ကျမ သက်ပြင်းချရင်း ရယ်မောမိပါတယ်။
Read more...
 

ရင်ထဲကဆည်းဆာရိပ်

 ရင်ထဲကဆည်းဆာရိပ်

သန်းမြင့်အောင်

ဒီဇင်ဘာ ၃၁၊ ၂၀၁၀

နှင်းဆီအိမ်ဆိုတဲ့ ခြံတခါးဝကဆိုင်းဘုတ်ကလေးကိုမြင်လိုက်တာနဲ့ “ပြင်ဦးလွင်မြို့ကိုရောက်ရင်တခြားဘာမှမလုပ်နဲ့ ဆည်းဆာရိပ်အကြောင်း ကို အရင်ရေးဟာ။ အဲဒီဆောင်းပါး မရေးဖြစ်မချင်း ညီမ မပြန်နဲ့” ဆိုတဲ့ မမဝင်း(ဆရာမကြီးဒေါ်ကလျာ)ရဲ့စကားကို ဖျတ်ကနဲ သတိရ လိုက်ပါတယ်။

ကွှန်မက အစ်မကြီးတွေ မမဦး(ဆရာမကြီး ဒေါ်ခင်ဆွေဦး) မမဝင်းကို ဇူလိုင်လမှာပြင်ဦးလွင်မြို့ကို လိုက်ပို့ပေးမယ်ဆိုတဲ့ ကတိအတိုင်း ခုတော့ရောက်ခဲ့ပါပြီ။ မန္တလေးနဲ့ပြင်ဦးလွင်မြို့ လာစရာကိစ္စတွေကလည်း သုံးမျိုးထက်မနည်းရှိနေလေတော့ တစ်ချက်ခုတ် လေးချက်ပြတ်လို့ပဲ ပြောရလေမလားဘဲ။

Read more...

Jingle All The Way - သံစဉ်နဲ့ ကမ်းလက်များဆီသို့

Jingle All The Way - သံစဉ်နဲ့ ကမ်းလက်များဆီသို့

ဇာဝါရီ (မယ်ရီလန်း)

ဒီဇင်ဘာ ၁၆၊ ၂၀၁၀

တနေကုန် အဆက်မပြတ် ရွာသွန်းနေတဲ့မိုး နဲ့ သုညဒီဂရီ စင်တီဂရိတ် ဒီဇင်ဘာဆောင်းလေကိုအံတု၊ ကျောင်းပိတ်ရက်မှာ အတိုးချပြီး ရာသီအေးအေးမှာ အိပ်ရာထဲမှာ ကွေးမနေ၊ တီဗွီကြည့်၊ ဗွီဒီယိုဂိမ်းကစား၊ ကွန်ပြူတာဖွင့် သူငယ်ချင်းတွေနဲ့ facebook, chatroom တွေကနေ စကားပြော အချိန်ဖြုန်းမနေဘဲ ပြည်တွင်းမှာ ဒုက္ခအခက်အခဲရှိနေ၊ အကူအညီလိုအပ်နေတဲ့ HIV/AIDS ရောဂါဝေဒနာရှင်များကို တက်အားသရွေ့  ကူညီမယ်ဆိုတဲ့ မြင့်မြတ်ဖြူစင်တဲ့ စေတနာ၊ ကရုဏာစိတ်တွေနဲ့ သူတို့လေးတွေ ရောက်ရှိလာကြတယ်။

Last Updated ( Friday, 17 December 2010 18:19 )

Read more...

တွန်းအားများ ...

တွန်းအားများ ...

တွန်းအားများ ...

ဖြူဖြူသင်း

(ဧရာဝတီ မြန်မာအင်တာနက်စာမျက်နှာက ကူးယူ ဖော်ပြပါတယ်)

ကျမက ငယ်ကတည်းကပဲ လူမှုရေး ဝါသနာ ပါတယ်လို့ ကျမ မိဘများနဲ့ ပတ်ဝန်းကျင်က ပြောဆိုလေ့ ရှိပါတယ်။ ကျမလည်း မှတ်သားမိရ သလောက်တော့ ဘုရားပွဲဈေးတွေ သွားရင် တခါမှ မုန့်မစားရတာ ပါဘဲ။ ပွဲဈေးက တောင်းစားတဲ့ သူတွေကို ပေးတာနဲ့ ပါလာတဲ့ မုန့်ဖိုး ကုန်သွားလို့ပါ။ နောက် ကျောင်းစာသင်တော့မှ နိုက်တင်ဂေးလ်၊ ဟင်နရီဒူးနန့် အစရှိတဲ့ နာမည် တွေနဲ့ ရင်းနှီးလာရပါတော့တယ်။ အဲဒီကတည်းက သူတို့ကို အထင်ကြီး လေးစားစိတ်တွေ ကိန်းဝပ်လာနေခဲ့တယ် ထင်ပါ တယ်။

ကျမတို့ဟာ ဘုရား ကျောင်းကန်နဲ့ ပတ်သက်တာကလွဲလို့ တခြားသော အလှူ အတန်းတွေ၊ လူမှုရေး လုပ်ငန်း တွေ လုပ်တာ အတော်လေး နည်းပါတယ်။ လူအများကြီးကို ထမင်းကျွေးတဲ့ အလှူမျိုးတွေကိုလည်း မကြာခဏ လုပ်ကြပါတယ်။ ကျမ ငယ်ငယ်က အဲဒီ အလှူမျိုးကို ဝေဖန် ပြောဆိုရင် လူကြီးတွေက ကျမကို ဒိဋ္ဌိလို့ မှတ်ချက်ချဖူးတာလည်း မှတ်မိနေပါ သေးတယ်။

ကျမ လူမှုရေး လုပ်တာ ဝါသနာပါတယ် ဆိုပေမယ့်လည်း အတိုင်းအတာ ကန့်သတ်ချက် ရှိပါတယ်။ ငွေကြေး သိပ် မတတ် နိုင်တာကလည်း တကြောင်း ပါပါတယ်။ တောင်းတဲ့ လူတွေကို ပေးတယ်၊ ဒုက္ခရောက်တဲ့ လူကို ကူတယ် ဆိုတာတွေက လည်း ဘုရားဟောတဲ့ အလှူဒါန ဆိုတာထက် ကျမ စိတ်မှာ မနေတတ်လို့ ဆိုတဲ့ စိတ် တခုတည်းနဲ့ ပေးတာမျိုးပါ။

Read more...