Home အထူးကဏ္ဍ သူတို့ အမြင် New Year Wish from Ko Kyaw Thu to CoBA Members

New Year Wish from Ko Kyaw Thu to CoBA Members

E-mail Print PDF

မင်္ဂလာပါ ပြည်သူ့ဂုဏ်ရည် မိသားစုများ ခင်ဗျား ......

၂၀၁၁ ခုနှစ်ဟာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံမယ်လို့ မျှော်လင့်မိပါတယ်။ ပြည့်စုံအောင်လည်း ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ မနှစ်က ကျွန်တော့်ကို ပေးလိုက်တဲ့ အင်အား၊ စွမ်းအားတွေ ဖြစ်သော ပြည်သူ့ဂုဏ်ရည် ဆိုတဲ့... မဟာ အားဆေးတစ်ခွက်ကို သောက်သုံးပြီးသည့် အချိန်ကာလမှ အစပြုပြီး ကျွန်တော် ထပ်မံ ထပ်ဆင့် လူမှုရေး အင်အားများ မွေးဖွား ပေါ်ပေါက်လာခဲ့ရပါတယ်။

အဲဒီ အင်အားတွေနဲ့ မြန်မာပြည်သူ လူထု အတွက် ပေးဆပ်မှု၊ နွေးထွေးမှုများကို ကိုယ်ကျိုး မဖက်ဘဲနှင့် သယ်ပိုး ထမ်းရွက်နေသည်မှာ ယနေ့တိုင်ပါ။

ကျွန်တော်.. အသက် ရှင်နေသ၍ ဆထက်တိုးပြီး အများပြည်သူအတွက် ပေးဆပ်သွားပါမယ် လို့ ပြည်သူ့ဂုဏ်ရည် မိသားစုကို ဂတိ ပေးလိုက်ပါတယ် ခင်ဗျား။

ယခုကဲ့သို့ မဟာအားဆေး တိုက်ကြွေးခဲ့သည့် အတွက်လည်း များစွာ ကျေးဇူး အထူး တင်ရှိကြောင်း နှလုံးသားတွင် ကဗ္ဗည်း တင်ထားလျက်ပါခင်ဗျား။

အားလုံး..အားလုံးသော ကမ္ဘာ့ပြည်သူပြည်သားများ၊ မြန်မာပြည်သူ ပြည်သားများ သောက ကင်းဝေး ငြိမ်းချမ်း သာယာ ၀ပြောကြပြီး ရန်သူမျိုး ငါးပါးဒဏ်မှ ကင်းဝေးကြကာ လူ့ အခွင့်အရေး အပြည့်အ၀ ရရှိကြပါစေ......

ကျော်သူ
နာရေးကူညီမှုအသင်း (ရန်ကုန်)

 
Share/Save/Bookmark