Home အထူးကဏ္ဍ သူတို့ အမြင်

သူတို့ အမြင်

New Year Wish from Ko Kyaw Thu to CoBA Members

New Year Wish from Ko Kyaw Thu to CoBA Members

မင်္ဂလာပါ ပြည်သူ့ဂုဏ်ရည် မိသားစုများ ခင်ဗျား ......

၂၀၁၁ ခုနှစ်ဟာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံမယ်လို့ မျှော်လင့်မိပါတယ်။ ပြည့်စုံအောင်လည်း ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ မနှစ်က ကျွန်တော့်ကို ပေးလိုက်တဲ့ အင်အား၊ စွမ်းအားတွေ ဖြစ်သော ပြည်သူ့ဂုဏ်ရည် ဆိုတဲ့... မဟာ အားဆေးတစ်ခွက်ကို သောက်သုံးပြီးသည့် အချိန်ကာလမှ အစပြုပြီး ကျွန်တော် ထပ်မံ ထပ်ဆင့် လူမှုရေး အင်အားများ မွေးဖွား ပေါ်ပေါက်လာခဲ့ရပါတယ်။

အဲဒီ အင်အားတွေနဲ့ မြန်မာပြည်သူ လူထု အတွက် ပေးဆပ်မှု၊ နွေးထွေးမှုများကို ကိုယ်ကျိုး မဖက်ဘဲနှင့် သယ်ပိုး ထမ်းရွက်နေသည်မှာ ယနေ့တိုင်ပါ။

ကျွန်တော်.. အသက် ရှင်နေသ၍ ဆထက်တိုးပြီး အများပြည်သူအတွက် ပေးဆပ်သွားပါမယ် လို့ ပြည်သူ့ဂုဏ်ရည် မိသားစုကို ဂတိ ပေးလိုက်ပါတယ် ခင်ဗျား။

ယခုကဲ့သို့ မဟာအားဆေး တိုက်ကြွေးခဲ့သည့် အတွက်လည်း များစွာ ကျေးဇူး အထူး တင်ရှိကြောင်း နှလုံးသားတွင် ကဗ္ဗည်း တင်ထားလျက်ပါခင်ဗျား။

အားလုံး..အားလုံးသော ကမ္ဘာ့ပြည်သူပြည်သားများ၊ မြန်မာပြည်သူ ပြည်သားများ သောက ကင်းဝေး ငြိမ်းချမ်း သာယာ ၀ပြောကြပြီး ရန်သူမျိုး ငါးပါးဒဏ်မှ ကင်းဝေးကြကာ လူ့ အခွင့်အရေး အပြည့်အ၀ ရရှိကြပါစေ......

ကျော်သူ
နာရေးကူညီမှုအသင်း (ရန်ကုန်)

 

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ

မိုးမခ အင်တာဗျူး

နိုဝင်ဘာ ၂၆၊ ၂၀၁၀

့ ပြည်ပမှာ မြန်မာအမျိုးသားတွေကလည်း လူမှုရေးကွန်ယက်တွေအဖြစ် တယောက်တလက် ကိုယ်ထူကိုယ်ထ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတာတွေ ရှိတယ်။ ပြည်တွင်းက လူမှုရေးစွမ်းဆောင်သူတွေကို အားပေး ဂုဏ်ပြုကြတာတွေ လုပ်နေကြတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုတွေ စသည်ဖြင့် အဲသည်အတွက်ကို ဘာများ ပြောလိုပါသလဲ။

          ကျမ ဒီအကြောင်းကို ကြားရ သိရပါတယ်။ ၀မ်းသာပါတယ်။ ဒါမျိုးတွေကို ဆက်ပြီးတော့ လုပ်သွားကြပါ။ သားတို့အနေနဲ့ ညီညီညွတ်ညွတ် လုပ်ကြရမယ်နော်။ အပြင်က အဖွဲ့တွေက အကွဲကွဲအပြားပြားဖြစ်နေတယ်လို့ ခဏခဏ အပြောခံရတာ မကောင်းဘူးနော်။ တခါတလေမှာ နိုင်ငံရေးအရ နဲနဲ ကွဲပြားနေကြတာတွေကို လူမှုရေးလုပ်ငန်းတွေ အတူတူလုပ်ရင်းနဲ့ ရင်ကြားစေ့ကြလို့ ရှိရင် အခြေအနေတွေ ကောင်းလာလိမ့်မယ် လို့ ထင်ပါတယ်။

                  == အပြည့်အစုံကို မိုးမခမှာ ဖတ်ပါ ==

                 http://moemaka.com/index.php?option=com_content&task=view&id=7731&Itemid=87&mosmsg=You+already+voted+for+this+item+today. 

ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တဲ့ ကျော်သူ

ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တဲ့ ကျော်သူ

ဧရာဝတီ Monday, 15 November 2010 15:20 အင်တာဗျူး

ရုပ်ရှင်သရုပ်ဆောင် ကျော်သူက ၎င်းကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီကားကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်သို့ အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆောင်ပေးခဲ့သည့် သရုပ်ဆောင် ကျော်သူ၏လက်ရာ ပန်းချီကား(ဓာတ်ပုံ-ဧရာဝတီ)

ယင်း ပန်းချီးကား ရေးဆွဲ ပေးဖြစ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် နရီလင်းလက်က ဆက်သွယ် မေးမြန်း၍ ဖော်ပြ လိုက်ပါသည်။

Last Updated ( Wednesday, 17 November 2010 23:04 )

Read more...

လူမှုအကျိုးဆောင် ပါရမီဖြည့်ဖက် ရွှေဇီးကွက်

လူမှုအကျိုးဆောင် ပါရမီဖြည့်ဖက် ရွှေဇီးကွက်
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၁၈ မိနစ်


အမည်ရင်း = ဒေါ်မြင့်မြင့်ခင်ဖေအသက် = ၅၂ နှစ်
ဇာတိ = ရန်ကုန်၊
ပညာရေး = ၁၉၈၄၊ ရူပဗေဒ၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် (RASU)
မိဘ = ဦးဌေးအောင်ဖေ၊ ဒေါ်တင်တင်လတ် (မြစ်သား ဇာတိ)

နာရေးကူညီမှုအသင်း အလုပ်အမှုဆောင် ဒေါ်ရွှေဇီးကွက်

မြန်မာနိုင်ငံတွင် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းများအနက် စက်တင်ဘာ သံဃာ့ အရေးအခင်းတွင် ထောက်ခံအားပေးခဲ့ကြသည့် ဒေါ်ရွှေဇီးကွက်တို့ ဇနီးခင်ပွန်းနှင့် နာရေး ကူညီမှုအသင်း (ရန်ကုန်) ၏ လှုပ်ရှားမှုများကို အာဏာပိုင်များက မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။ အသင်း  အမှုဆောင် ဒေါ်ရွှေဇီးကွက်၏ လူမှုရေးနှင့် ပုဂ္ဂိုလ်ရေး ဖြတ်သန်းမှုအချို့ကို သိရှိနိုင်ရန် ကိုဝိုင်းက မေးမြန်းထားသည်။

Last Updated ( Friday, 29 October 2010 19:59 )

Read more...