ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ဒုတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို(ဘေးဧရိယာ)၌ ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်နေ့တွင် အောက်ပါ အစီအစဉ် အတိုင်း ကျင်းပမည် ဖြစ်ပါသည်။
နေ့ရက် ။ ။ ၂၀၁၁ခုနှစ်၊ မေလ ၁၅ရက် (တနင်္ဂနွေနေ့)
အချိန် ။ ။ မွန်းလွဲ ၂း၀၀ နာရီ မှ ၅း၀၀ နာရီ
နေရာ ။ ။ Centerville Community Center
3355 Country Drive, Fremont, CA 94538
ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခန်းအနား အစီအစဉ် မှာ -
၁။ အခမ်းအနားစတင်ကြောင်း ကြေညာခြင်း။
၂။ အောင်စေပိုင်စေ သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခြင်း။
၃။ မိတ်ဆက်စကား ပြောကြားခြင်း။
၎။ ပြည်သူ့ ဂုဏ်ရည်၏ ရှေ့လုပ်ငန်းစဉ်များ ပြောကြားခြင်း။
၅။ ဆန်ခါတင် ၅ ဦး အတ္ထုပ္ပတ္တိ ဖတ်ကြားခြင်း နှင့် ဂုဏ်ပြုလွှာ ပေးအပ်ခြင်း။
၆။ မဲပေးပုံ စနစ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း။
၇။ ပထမအကြိမ်ဆုရှင် ဦးကျော်သူ ၏ အမှတ်တရစကား ထုတ်လွှင့်ခြင်း။
၈။ ၂၀၁၁ ပြည်သူ့ ဂုဏ်ရည်ဆု ရရှိသူကို စာအိတ်ဖွင့် ကြေညာ၍ ဆုချီးမြှင့်ခြင်း။
၉။ တေးသရုပ်ဖော် အကဖြင့် ဖျော်ဖြေခြင်း။
၁၀။ ငွေစာရင်းရှင်းတမ်း ဖတ်ကြားခြင်း။
၁၁။ ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် ၂၀၁၂ ခုနှစ် အိမ်ရှင်မြို့ ကြေညာခြင်း။
၁၂။ အခမ်းအနားပြီးဆုံးခြင်း။


