အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) (www.citizenofburma.org ) ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲကျင်းပမည့်ရက် ကြေညာခြင်း
နေ့စွဲ - ၂၀၁၁ ခုနှစ် မတ်လ ၁၈ ရက်
မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့်
ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက်
ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု
ဒုတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု
ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို(ဘေးဧရိယာ)၌ ၂၀၁၁ ခုနှစ် မေလ ၁၅
ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။
အဆိုပါဆုအတွက်
ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသူ မည်သူမဆို မြန်မာပြည်အတွင်း
လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်အနစ်နာခံကာ အားကြိုးမာန်တက်
လုပ်ဆောင်နေကြသူများထဲမှ မိမိလေးစားဂုဏ်ပြုလိုသော လူပုဂ္ဂိုလ်
အဖွဲ့အစည်းတို့ကို အမည်စာရင်းများ တင်သွင်းနိုင်ပါသည်။ အမည်စာရင်း
တင်သွင်းခြင်းကို စတင်လက်ခံနေပြီဖြစ်ပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်အထိ
မည်သူမဆို ဆန္ဒပြုနိုင်ပါသည်။
လက်ခံရရှိသော အမည်စာရင်းများမှ ဆန်ခါတင် ၅ ဦးကို မြို့အသီးသီးရှိ
ပြည်သူ့ဂုဏ်ရည်အဖွဲ့ဝင်များက ဧပြီလအတွင်း ရွေးချယ်ကြမည် ဖြစ်ပါသည်။
အဆိုပါ ဆန်ခါတင် ၅ ဦး (သို့မဟုတ်) ၅ ဖွဲ့၏ အမည်စာရင်းကို မေလဆန်းတွင်
ထုတ်ပြန်၍ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာမှတဆင့် အများပြည်သူ၏ ဆန္ဒမဲ
ကောက်ခံကာ ဆန္ဒမဲအများဆုံး ရရှိသူကို ၂၀၁၁ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု
ချီးမြှင့်ဂုဏ်ပြုမည်ဖြစ်ပါသည်။
ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်တင်သွင်းခြင်းအပါအ၀င်
အဖွဲ့နှင့်ပတ်သက်သည်များကို ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ
www.citizenofburma.org တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။
အခမ်းအနားနှင့်ပတ်သက်သည့် အစီအစဉ်များကို ဆက်လက်
သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။ ။
ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ
ဆက်သွယ်ရန်။ ။ ကိုထိန်လင်း (၀၁) ၄၁၅ ၅၃၁ ၃၇၆၁
ကိုဂျေစင် (၀၁) ၅၁၀ ၄၀၂ ၇၇၇၉


