မြန်မာပြည်တွင်နေထိုင်လျက်တိုင်းရင်းသားပြည်သူတို့အတွက် လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်အနစ်နာခံကာ စွမ်းစွမ်းတမံလုပ်ဆောင်နေသော၊ လူ့ဘောင်လောက နှင့် နိုင်ငံသားများအတွက်စံပြဖြစ်စေမည့်၊ လူချွန်လူမွန်များအကြောင်းကို ဤနေရာတွင်အမည်စာရင်းတင်သွင်းခြင်းဖြင့် ဂုဏ်ပြုပါ။
- အမည်စာရင်းတင်သွင်းသည့်ပုံစံကို အရင်ဆုံးလေ့လာပါ။ မေးခွန်းများကို ဖြေဆိုနိုင်ရန် အချက်အလက်များစုဆောင်းပါ။
- အမည်စာရင်းတင်သွင်းမည့်သူအကြောင်း သင်သိရှိသမျှအချက်အလက်များကို ပြည့်စုံနိုင်သမျှပြည့်စုံအောင် အချိန်ယူဖြည့်စွက်ပါ။
- သင့်နှလုံးသားထဲမှ လူမှုရေးသူရဲကောင်းအကြောင်းကို ခံစားရသမျှဝေငှပါ။ သင်မျှဝေပေးသော ခံစားချက်တို့မှာ အမည် စာရင်းတင်သွင်းခြင်းခံရသူ အတွက် သင်၏ဂုဏ်ပြုခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့ကလည်း သင်ရေးသားတင်သွင်းသော ဂုဏ်ပြုခြင်းကို လုံးစေ့ပတ်စေ့၊ လေးနက်စွာဖတ်ရှုလေ့လာသွားမည်ဖြစ်ပြီး ဆင့်ပွားဝေမျှဂုဏ်ပြုတင်ဆက် ပေးသွားမည်ဖြစ်ပါသည်။
- လိုအပ်သောအချက်အလက်များဖြင့်ပြည့်စုံသည့် အမည်စာရင်းတင်သွင်းခြင်းများအတွက် သင့်အီးမေးလ်ကိုဆက်သွယ်လျှက် ကောင်းမွန်စွာ လက်ခံရရှိပါကြောင်း အတည်ပြု ပြန်ကြားပေးသွားမည်ဖြစ်ပါသည်။ သင့်အမည်စာရင်းတင်သွင်းခံရသူသည် ပဏာမအဆင့်သို့ဖြစ်စေ၊ နောက်ဆုံးဆန်ကာတင်ငါးဦးစာရင်းသို့ဖြစ်စေ ရောက်ရှိသွားတိုင်း၊ သင့်အီးမေးလ်သို့ အကြောင်းကြားပေးမည်ဖြစ်ပါသည်။
- အကယ်၍ မိမိကိုယ်ကို မိမိ အမည်စာရင်းတင်သွင်းလိုပါက သင့်လိပ်စာအပြည့်အစုံ၊ အီးမေးလ်လိပ်စာနှင့် ဆက်သွယ်ရန်တယ်လီဖုန်း နံပါတ်များကို မဖြစ်မနေထည့်သွင်းပေးရပါမည်။ ဂုဏ်ပြုပွဲဖြစ်မြောက်ရေးအဖွဲ့မှသင့်ကိုဆက်သွယ်အတည်ပြုချက်ရယူသွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်းနေထိုင်လျှက်ရှိသူ၊ ကိုယ်ကျိုးစွန့်အနစ်နာခံကာ လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နေသူ၊ လူ့ဘောင် လောကနှင့် နိုင်ငံသားများ အတွက်စံပြဖြစ်စေသူများကို၊ တဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ၊ အမည်စာရင်းတင်သွင်းလို့ရပါတယ်။
အချက်အလက်များကို ပြည့်စုံအောင် စုံစမ်းဖြည့်စွက်ဖို့တိုက်တွန်းပါရစေ။ ဘယ်လိုမှ မသိနိုင်ဘူးဆိုရင်တော့ ဂုဏ်ပြုပွဲဖြစ်မြောက်ရေးအဖွဲ့ အနေနဲ့ လေ့လာ၊ ဆက်သွယ်၊ စုံစမ်းသွားမှာဖြစ်ပေမယ့် နှောင့်နှေးကြန့်ကြာမှုများဖြစ်လာနိုင်ပါတယ်။
သတ်မှတ်ရက်အတွင်း ရောက်အောင်ပို့လို့ရပါတယ်။ ဆက်သွယ်ရန် လိပ်စာအတိုင်း P.O. Box1276, Baldwin Park, CA 91706, U.S.A ကိုပို့ပေးပါ။
လိုအပ်တဲ့အချက်အလက်များနဲ့ပြည့်စုံတယ်၊ ရွေးချယ်ရေးမူဝါဒများနဲ့လဲ ကိုက်ညီတယ်ဆိုရင်တော့ ငြင်းပယ်ခံရမှာမဟုတ်ပါဘူး။ လိုအပ်တဲ့အချက်အလက်များကလဲ မပြည့်စုံ၊ ရွေးချယ်ရေးမူဝါဒများနဲ့လဲ ကိုက်ညီမှုမရှိဘူးဆိုရင်တော့ အဲဒီအမည်စာရင်းတင်သွင်း ခြင်းကို လက်ခံမှာမဟုတ်ပါဘူး။
ဂုဏ်ပြုပွဲကျင်းပတဲ့မြို့က ဆက်သွယ်ရမယ့်စာရင်းပါ တဦးဦးကို ဆက်သွယ်လျှက် ဂုဏ်ပြုပွဲအတွက် ထိုင်ခုံနေရာကို ကြိုတင်ရယူနိုင်ပါတယ်။